+ -

عن أبي عبد الرحمن السُّلمي قال: حدثنا مَن كان يُقرئنا من أصحاب النبي صلى الله عليه وسلم أنهم كانوا يقترئون من رسول الله صلى الله عليه وسلم عشر آيات، فلا يأخذون في العشر الأخرى حتى يعلموا ما في هذه من العلم والعمل، قالوا: فعلمنا العلم والعمل.
[حسن] - [رواه أحمد]
المزيــد ...

အဗူအဗ်ဒိရ်ရဟ်မာန် အတ်စ်စုလမီ(ရဟိမဟုလ္လာဟ်)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အဆ်ွဟာဗ်တော်များအနက် ကျွန်ုပ်တို့အား ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ကြား(သင်)ပြခဲ့သည့်သူများက ကျွန်ုပ်တို့အား ဆင့်ပြန်ပြောကြားခဲ့သည်။ ဧကန်အမှန် ၎င်းတို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ အာယသ်တော်ဆယ်ပိုဒ်ကို နားထောင်ပြီးနောက် ထိုအာယသ်တော်များတွင်ပါရှိသည့် ‘အိလ်မ်’အသိပညာနှင့် အမလ်ကျင့်ဆောင်မှုများကို မသင်ယူမချင်း နောက်ထပ်အာယသ်တော်ဆယ်ပိုဒ်ကို သင်ယူခြင်းမရှိခဲ့ပေ။ သာဝကကြီးများက ကျွန်တော်တို့သည် ‘အိလ်မ်’အသိပညာနှင့် အမလ်ကျင့်ဆောင်မှုများကို သင်ယူခဲ့ကြသည်ဟု ပြောကြားခဲ့ကြသည်။

[ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။] - [အိမာမ် အဟ်မဒ် ဆင့်ပြန်ခဲ့သည်။] - [مسند أحمد - 23482]

ရှင်းလင်းချက်

ဆွဟာဗဟ်သာဝကကြီးများသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ အာယာသ်တော်ဆယ်ပိုဒ်ကို နားထောင်ပြီးနောက် ထိုအာယသ်တော်များတွင်ပါရှိသည့် ‘အိလ်မ်’အသိပညာများကို သင်ယူပြီး ၎င်းတို့အပေါ် လိုက်နာကျင့်သုံးမှု မပြု‌သေးသမျှ နောက်ထပ်အာယာသ်တော်ဆယ်ပိုဒ်ကို သင်ယူခြင်းမရှိခဲ့ပေ။ သာဝကကြီးများသည် ‘အိလ်မ်’အသိပညာနှင့်အတူ အမလ်ကျင့်ဆောင်မှုကိုပါတွဲ၍ သင်ယူခဲ့ကြသည်။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية الطاجيكية কিনিয়ারওয়ান্ডা الرومانية التشيكية মালাগাসি အီတလီ অরমো কন্নড় আজারী الأوزبكية الأوكرانية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဆွဟာဗဟ်(ရဿွိယလ္လာဟုအန်ဟုမ်)တို့၏ ထွတ်မြတ်မှုနှင့် ကုရ်အာန်ကျမ်းမြတ်ကိုသင်ယူလေ့လာရန် စိတ်အားထက်သန်မှုတို့ကို ဖော်ပြထားသည်။
  2. ကုရ်အာန်ကျမ်းတော်မြတ်ကို သင်ယူခြင်းဟူသည်ဖတ်ရွတ်ခြင်း၊ အလွတ်ကျက်မှတ်ခြင်း သက်သက်သာ မဟုတ်ဘဲ ကုရ်အာန်ကျမ်းတော်မြတ်၌ပါရှိသည့် အသိပညာများကို သင်ယူခြင်း ၎င်းတို့အပေါ်လက်တွေ့လိုက်နာကျင့်သုံးခြင်းပင်ဖြစ်သည်။
  3. ပြောဆိုခြင်း၊ အမလ်ကျင့်သုံးခြင်းမတိုင်မီ ‘အိလ်မ်’အသိပညာရှိရမည်။
ထပ်၍