«رَغِمَ أَنْفُ رَجُلٍ ذُكِرْتُ عِنْدَهُ فَلَمْ يُصَلِّ عَلَيَّ، وَرَغِمَ أَنْفُ رَجُلٍ دَخَلَ عَلَيْهِ رَمَضَانُ ثُمَّ انْسَلَخَ قَبْلَ أَنْ يُغْفَرَ لَهُ، وَرَغِمَ أَنْفُ رَجُلٍ أَدْرَكَ عِنْدَهُ أَبَوَاهُ الكِبَرَ فَلَمْ يُدْخِلاَهُ الجَنَّةَ». المزيد
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
" အကြင်သူ၏ နှာခေါင်းသည် မြေမှုန့်တို့ဖြင့် လူးထိနေပါစေ( ပျက်စီးပါစေ)၊ ထိုသူသည် ၎င်း၏ ရှေ့မှောက်တွင် ငါကိုယ်တော့်အား ဖော်ပြခံရသော်လည်း ငါကိုယ်တော့်အပေါ် ဆွလာသ် မပို့သခဲ့ ပေ။ အကြင်သူ၏ နှာခေါင်းသည် မြေမှုန့်တို့ဖြင့် လူးထိနေပါစေ( ပျက်စီးပါစေ)၊ ထိုသူသည် လမြတ်ရမဿွာန်နှင့် ကြုံကြိုက်ပါလျက် ခွင့်လွှတ်ခြင်းမခံရခင်အလျှင် ထိုလမြတ်သည် ကုန်လွန်သွားခဲ့သည်။ အကြင်သူ၏ နှာခေါင်းသည် မြေမှုန့်တို့ဖြင့် လူးထိနေပါစေ( ပျက်စီးပါစေ)၊ ထိုသူသည် မိမိ၏ မိဘနှစ်ပါးကို အိုမင်းမစွမ်း အရွယ်တွင် တွေ့ကြုံရပါလျက် ထိုမိဘနှစ်ပါးသည် ၎င်းအား ဂျန္နသ်သုခဘုံသို့ မဝင်ရောက်စေနိုင်ခဲ့ပေ။