عَنِ ابْنِ عَبَّاسٍ رضي الله عنهما قَالَ:
«بَيْنَمَا جِبْرِيلُ قَاعِدٌ عِنْدَ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ سَمِعَ نَقِيضًا مِنْ فَوْقِهِ، فَرَفَعَ رَأْسَهُ، فَقَالَ: هَذَا بَابٌ مِنَ السَّمَاءِ فُتِحَ الْيَوْمَ لَمْ يُفْتَحْ قَطُّ إِلَّا الْيَوْمَ، فَنَزَلَ مِنْهُ مَلَكٌ، فَقَالَ: هَذَا مَلَكٌ نَزَلَ إِلَى الْأَرْضِ لَمْ يَنْزِلْ قَطُّ إِلَّا الْيَوْمَ، فَسَلَّمَ، وَقَالَ: أَبْشِرْ بِنُورَيْنِ أُوتِيتَهُمَا لَمْ يُؤْتَهُمَا نَبِيٌّ قَبْلَكَ: فَاتِحَةُ الْكِتَابِ، وَخَوَاتِيمُ سُورَةِ الْبَقَرَةِ، لَنْ تَقْرَأَ بِحَرْفٍ مِنْهُمَا إِلَّا أُعْطِيتَهُ».
المزيد
အစ်ဗ်နု အဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။
ဂျိဗ်ရီလ် (အလိုင်ဟိစ္စလာမ်)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ထံတော်ပါးတွင် ထိုင်နေစဉ် မိမိ၏အထက်မှ အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအခါ သူသည် (မိုးကောင်းကင်ဘက်သို့) ခေါင်းကိုမော့ကြည့်လျက် ပြောဆိုခဲ့သည်မှာ- ဤသည် ယနေ့ပင် ဖွင့်လှစ်လိုက်သည့် မိုးကောင်းကင်၏ တံခါးတစ်ခုဖြစ်သည်။ ယခင်က မည်သည့်အခါမျှ ဖွင့်ခဲ့ဖူးခြင်းမရှိပါ။ ထို့နောက် ထိုတံခါးမှ ကောင်းကင်တမန်တစ်ပါး ဆင်းသက်လာခဲ့ရာ ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)က ပြောဆိုခဲ့သည်မှာ - ဤသည် မိုးကောင်းကင်မှ ယနေ့ပင် မြေပထဝီပေါ်သို့ ဆင်းသက်လာသော ကောင်းကင်တမန်တစ်ပါးဖြစ်ပြီး (ဒီ့အရင်) မည်သည့်အခါကမျှ ဆင်းသက်ခဲ့ဖူးခြင်းမရှိပါ။ ထိုကောင်းကင်တမန်သည် (တမန်တော်မြတ်အား) စလာမ် ဆက်သ၍ ဤသို့ပြောကြားခဲ့သည် - အသင် ဝမ်းမြှောက်ဖွယ် သတင်းကောင်းကို ရယူလော့။ အသင်(တမန်တော်)သည် အလင်းရောင်နှစ်ခုကို ချီးမြှင့်ပေးအပ်ခြင်းခံရပြီဖြစ်သည်။ ထိုအလင်းရောင်နှစ်ခုကို သင့်အလျင်ရှိခဲ့သော မည်သည့် နဗီတမန်တော်တစ်ပါးကမျှ ချီးမြှင့်ပေးအပ်ခံခဲ့ရခြင်း မရှိခဲ့ပေ။ ပထမတစ်ခုမှာ ဆူရဟ်ဖာသိဟဟ် ဖြစ်၍ ဒုတိယတစ်ခုမှာ ဆူရဟ်ဗကရဟ်၏ နောက်ဆုံးအပိုဒ်များ ဖြစ်သည်။ ထိုဆူရဟ်နှစ်ခုအနက်မှ အက္ခရာတစ်လုံးကိုပင် အသင်ဖတ်လျှင် ယင်း၏အကျိုးဆုလာဘ်ကို အမှန်ပင် ချီးမြှင့်ခြင်းခံရမည် ဖြစ်သည်။