အမျိုးအစား:
عَنْ أَبِي هُرَيْرَةَ رضي الله عنه:

أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ كَانَ يَقُولُ فِي سُجُودِهِ: «اللهُمَّ اغْفِرْ لِي ذَنْبِي كُلَّهُ دِقَّهُ، وَجِلَّهُ، وَأَوَّلَهُ وَآخِرَهُ وَعَلَانِيَتَهُ وَسِرَّهُ».
[صحيح] - [رواه مسلم] - [صحيح مسلم: 483]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်
"အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ စဂျ်ဒဟ်ထဲတွင် ဤဒုအာကို ရွတ်ဆိုလေ့ရှိသည်- «اللهُمَّ اغْفِرْ لِي ذَنْبِي كُلَّهُ دِقَّهُ، وَجِلَّهُ، وَأَوَّلَهُ وَآخِرَهُ وَعَلَانِيَتَهُ وَسِرَّهُ». ( အို- အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ ကြီးသောအပြစ်၊ သေးသောအပြစ်၊ ရှေ့တွင်ဖြစ်ခဲ့သောအပြစ်နှင့်၊ နောက်တွင်ဖြစ်လာမည့်အပြစ်၊ လူသိရှင်ကြားပြုမိသောအပြစ်နှင့် လျှို့ဝှက်စွာပြုမိ သောအပြစ် စသည့်အပြစ်ဂုနဟ်များအားလုံးကို ခွင့်လွှတ်တော်မူပါ"။)

[صحيح] - [رواه مسلم] - [صحيح مسلم - 483]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ စဂျ်ဒဟ်ထဲတွင် ဤဒုအာကို ရွတ်ဆိုလေ့ရှိသည်- (اللهُمَّ اغْفِرْ لِي ذَنْبِي) "အလ္လာဟုမ္မဂ်ဖိရ်လီ ဇမ်ဘီ" အို- အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ အပြစ်များကို ခွင့်လွှတ်တော်မူပါ၊ တစ်နည်း အပြစ်များကို ဖုံးကွယ်ပေးတော်မူပြီး ၎င်း၏ အကျိုးဆက်ဘေးမှ ကာကွယ်တော်မူပါ၊ သည်းခံတော်မူပါ၊ မျက်နှာလွှဲတော်မူပါဟု ဆိုလိုသည်။ (كُلَّهُ )"ကုလ္လဟူ" ဆိုသည်မှာ အပြစ်အားလုံးဟူ၍ဖြစ်သည်။ ဆိုလိုသည်မှာ (دِقَّهُ) "ဒိက္က-ဟု" ခေါ်သော အသေးအဖွဲနှင့် အနည်းငယ်မျှသောအပြစ်၊ (وَجِلَّهُ)"ဝဂျိလ္လဟူ-ဟု" ခေါ်သော ကြီးလေးသေ၊ များပြားလှသောအပြစ်၊ (وَأَوَّلَهُ)"ဝ အောင်ဝ်ဝလဟူ" ဟု ခေါ်သော ရှေးဦးစွာ ကျူးလွန်ခဲ့သော အပြစ်၊(وَآخِرَهُ) "ဝအာခီရဟူ-ဟု" ခေါ်သော နောက်ဆုံးကျူးလွန်ခဲ့သောအပြစ်နှင့် ကြားတွင်ကျူးလွန်ခဲ့သောအပြစ်၊ (عَلَانِيَتَهُ وَسِرَّه) "အလာနိယသဟူ ဝ စိရ်ရဟူ" ဟု ခေါ်သော လူသိရှင်ကြား ကျူးလွန်ခဲ့သော အပြစ်များ နှင့် လျှို့ဝှက်စွာ ကျူးလွန်ခဲ့သော အပြစ်များ၊ အရှင်မြတ်မှတစ်ပါး မည်သူမျှ မသိနိုင်သော အပြစ်များ အားလုံးကို လွှတ်တော်မူပါဟု ဆိုလိုသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အိဗ်နုလ်ကိုင်ယ်ယင်မ်က ဆိုသည်- ဤဒုအာသည် အပြစ်အသေး၊ အကြီး၊ သေးငယ်သော၊ ကြီးကျယ်သော၊ ရှေးကျသော၊ နောက်ကျသော၊ လျှို့ဝှက်သော၊ ထင်ရှားသော အပြစ်ဂုနဟ်အားလုံးကို ခွင့်လွှတ်ချမ်းသာပေးရန် တောင်းဆိုခြင်းဖြစ်သည်။ ဤသို့ (အားလုံးကို တစ်နေရာတည်းတွင်) သက်ရောက်အကျုံးဝင်စေခြင်းသည် ဗန္ဒဟ်ကျေးကျွန်က မိမိသိရှိထားသော အပြစ်ဂုနဟ်များနှင့် မသိရှိသော အပြစ်ဂုနဟ်များအားလုံးမှ သောင်ဗဟ် ပြုလုပ်နိုင်စေရန် ဖြစ်သည်။
  2. ပညာရှင်အချို့က ဆိုသည်- ဤဒုအာတွင် 'ဒစ်က္က' (အသေးစား) ကို 'ဂျစ်လ္လ' (အကြီးစား) ထက် အရင် ရှေ့ကိုတင်ထားခြင်းမှာ ဆုတောင်းသူသည် မိမိတောင်းဆိုမှုတွင် အဆင့်ဆင့် တိုးမြှင့်သွားခြင်းကို ပြသသည်။ အဘယ်ကြောင့်ဆိုသော် ကြီးလေးသောအပြစ်ဂုနဟ်များသည် များသောအားဖြင့် သေးငယ်‌ သောအပြစ်ဂုနဟ်များကို ဆက်တိုက်ပြုလုပ်ခြင်းနှင့် ၎င်းတို့ကို အလေးမထား၊ ဂရုမပြုခြင်းမှ ပေါက်ဖွားလာတတ်သည်။ သို့ဖြစ်၍ ထိုသေးငယ်‌သောအပြစ်ဂုနဟ်များသည် ကြီးလေးသောအပြစ်ဂုနဟ်များဆီသို့ ရောက်ရှိစေသော အကြောင်းခံများသဖွယ်ဖြစ်နေသည်။ အကြောင်းခံတစ်ခု၏ အခွင့်အရေးမှာ ယင်းကို အတည်ပြုရာတွင်ဖြစ်စေ၊ ပယ်ဖျက်ရာတွင်ဖြစ်စေ ရှေ့တန်းတင်ဆောင်ရွက်ရန် ဖြစ်သည်။
  3. ၁။ အလ္လာဟ်အရှင်မြတ်ထံတော်၌ ကျိုးနွံနှိမ့်ချခြင်းနှင့် အသေးအဖွဲ ကြီးလေးမရွေး အပြစ်အားလုံးမှ လွှတ်ငြိမ်းချမ်းသာခွင့် ရရှိရန် အရှင်မြတ်ထံ တောင်းခံခြင်း။
  4. ၂။ အိမာမ်နဝဝီက ဆိုသည်မှာ - ဤဟဒီးစ်တော်တွင်ဒုအာဆုတောင်းခြင်းကို လေးနက်စေခြင်းနှင့် စကားလုံးများ များပြားစေခြင်း ပါဝင်သည်။ အချို့သော စကားလုံးများသည် အချို့သော စကားလုံးများကို အစားထိုးနိုင်သော်လည်း ဤသို့ အမျိုးမျိုးသော စကားလုံးများဖြင့် ရွတ်ဆိုခြင်းသည် ကောင်းမြတ်သော အရာပင် ဖြစ်သည်။
الملاحظة
التضرع إلى الله تعالى، وطلبه المغفرة من جميع الذنوب، الصغائر والكبائر.
قننeudi,y
النص المقترح U, i
الملاحظة
التضرع إلى الله تعالى، وطلبه المغفرة من جميع الذنوب، الصغائر والكبائر.
قننeudi,y
النص المقترح U, i
الملاحظة
التضرع إلى الله تعالى، وطلبه المغفرة من جميع الذنوب، الصغائر والكبائر.
قننeudi,y
النص المقترح U, i
الملاحظة
التضرع إلى الله تعالى، وطلبه المغفرة من جميع الذنوب، الصغائر والكبائر.
قننeudi,y
النص المقترح U, i
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (44)
အမျိုးအစားများ
ထပ်၍