အမျိုးအစား: . .
عَنْ ‌عَائِشَةَ رضي الله عنها:

أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ كَانَ إِذَا أَوَى إِلَى فِرَاشِهِ كُلَّ لَيْلَةٍ جَمَعَ كَفَّيْهِ، ثُمَّ نَفَثَ فِيهِمَا فَقَرَأَ فِيهِمَا: {قُلْ هُوَ اللهُ أَحَدٌ}، وَ{قُلْ أَعُوذُ بِرَبِّ الْفَلَقِ}، وَ{قُلْ أَعُوذُ بِرَبِّ النَّاسِ}، ثُمَّ يَمْسَحُ بِهِمَا مَا اسْتَطَاعَ مِنْ جَسَدِهِ، يَبْدَأُ بِهِمَا عَلَى رَأْسِهِ وَوَجْهِهِ وَمَا أَقْبَلَ مِنْ جَسَدِهِ، يَفْعَلُ ذَلِكَ ثَلَاثَ مَرَّاتٍ.
[صحيح] - [رواه البخاري] - [صحيح البخاري: 5017]
المزيــد ...

အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ညစဉ်ညတိုင်းအိပ်ရာဝင်သောအခါ မိမိ၏လက်ဖဝါးနှစ်ဖက်ကို ပူးကပ်စုရုံးတော်မူပြီး ယင်းလက်ဖဝါးနှစ်ဖက်တွင် စူရဟ်အိခ်လာဆ်ွ၊ စူရဟ်ဖလပ်က်၊ စူရဟ်နာစ်တို့ကို ဖတ်ရွတ်ကာ မန်းမှုတ်တော်မူသည်။ ထို့နောက် ၎င်းလက်ဖဝါးနှစ်ဖက်ဖြင့် ရောက်နိုင်သလောက် ခန္ဓာကိုယ်နေရာအနှံ့ကို ပွတ်သပ်တော်မူသည်။ကိုယ်တော်သည် လက်ဖဝါးနှစ်ဖက်ဖြင့် ပထမဦးဆုံး ဦးခေါင်း၊ ၎င်းနောက်မျက်နှာ၊ ၎င်းနောက်ခန္ဓာကိုယ်အရှေ့ဘက်မှစ၍ ပွတ်သပ်တော်မူသည်။ ကိုယ်တော်သည် ထိုအတိုင်းပင် သုံးကြိမ်သုံးခါ ပြုလုပ်တော်မူသည်။

الملاحظة
عن عائشة رضي الله عنها أن النبي صلى الله عليه وسلم كان إذا أخذ مَضْجَعَهُ نَفَثَ في يديه، وقرأ بالمُعَوِّذَاتِ، ومسح بهما جسده. وفي رواية: أن النبي صلى الله عليه وسلم كان إذا أَوَى إلى فِرَاشِهِ كل ليلة جَمَعَ كَفَّيْهِ، ثم نَفَثَ فيهما فقرأ فيهما: «قل هو الله أحد، وقل أعوذ برب الفلق، وقل أعوذ برب الناس» ثم مسح بهما ما استطاع من جسده، يبدأ بهما على رأسه ووجهه، وما أَقْبَلَ من جسده، يفعل ذلك ثلاث مرات. https://hadeethenc.com/ar/browse/hadith/5879
النص المقترح لا يوجد...

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်း။] - [صحيح البخاري - 5017]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကျင့်ဆောင်မှုနည်းလမ်းတစ်ခုမှာ ကိုယ်တော်သည် အိပ်စက်ရန်အိပ်ရာဝင်သည့်အခါ ဒုအာတောင်းသူ ပြုလုပ်သကဲ့သို့ မိမိ၏လက်ဖဝါးနှစ်ဖက်ကို ပူးကပ်စုရုံးတော်မူပြီး အပေါ်သို့မြှောက်ကာ စူရဟ်အိခ်လာဆ်ွ၊ စူရဟ်ဖလပ်က်၊ စူရဟ်နာစ်၊ သုံးပုဒ်ကို ဖတ်ရွတ်တော်မူပြီး ထိုလက်ဖဝါးနှစ်ဖက်ထဲသို့ တံတွေးအနည်းငယ်ပါသောလေဖြင့် ဖြေးညင်းစွာမန်းမှုတ်တော်မူသည်။ ၎င်းနောက် ထိုလက်နှစ်ဖက်ဖြင့် ဦးခေါင်း၊ မျက်နှာနှင့် ခန္ဓာကိုယ်၏ ရှေ့ပိုင်းတို့မှ စတင်၍ ရောက်နိုင်သမျှ ခန္ဓာကိုယ်နေရာအနှံ့ကို ပွတ်သပ်တော်မူသည်။ ကိုယ်တော်သည် ဤအတိုင်း သုံးကြိမ်သုံးခါ ပြုလုပ်တော်မူသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အိပ်ရာမဝင်မီ ခိုလှုံခွင့်တောင်းခံသည့် စူရဟ်နှစ်ပုဒ်နှင့် စူရဟ်အိခ်လာဆ်ွတို့ကို ဖတ်ရွတ်ခြင်း၊ ၎င်းစူရဟ်များဖြင့်မန်းမှုတ်ခြင်း၊ ရောက်နိုင်သလောက်ခန္ဓာကိုယ်နေရာအနှံ့ကို ပွတ်သပ်ခြင်းမွတ်စ်သဟဗ်ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (66)
အမျိုးအစားများ
  • .
  • . .
ထပ်၍