«الْحَلِفُ مَنْفَقَةٌ لِلسِّلْعَةِ، مَمْحَقَةٌ لِلرِّبْحِ».
[صحيح] - [متفق عليه] - [صحيح مسلم: 1606]
المزيــد ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။
"ကျိန်ဆိုခြင်းသည် အရောင်းအဝယ်ပစ္စည်းကို ရောင်းတန်းဝင်စေသော်
လည်း အမြတ်အ
စွန်း၏ ဗရ်ကသ်ကို ဆုတ်ယုတ်စေ
သည်။"
[صحيح] - [متفق عليه] - [صحيح مسلم - 1606]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အရောင်းအဝယ်ပြုလုပ်ရာတွင် ကျိန်ဆိုခြင်းများစွာ မပြုလုပ်ရန် သတိပေးတော်မူခဲ့သည်။ အကယ်၍ မိမိပြောဆိုရာတွင် မှန်ကန်နေသည့်တိုင် ကျိန်ဆိုခြင်းကို ရှောင်ကြဉ်ရန် မိန့်ကြားတော်မူခဲ့သည်။ အကြောင်းမှာ ကျိန်ဆိုခြင်းသည် ကုန်ပစ္စည်းများ အရောင်းအဝယ်ဖြစ်လာစေရန် အကြောင်းဖန်လာတတ်သော်လည်း၊ ရရှိလာသော အမြတ်အစွန်းနှင့် ဝင်ငွေတို့၏ဗရ်ကသ်ကို လျော့နည်းပျက်စီးစေတတ်သောကြောင့် ဖြစ်သည်။ ထိုသို့ကျိန်ဆိုကာ ရောင်းဝယ်ခြင်းကြောင့် ရရှိလာသောဥစ္စာပစ္စည်းများသည် ခိုးခံရခြင်း၊ မီးလောင်ခြင်း၊ ရေနစ်မြုပ်ခြင်း၊ မတရားသိမ်းယူခံရခြင်း၊ လုယက်ခံရခြင်းစသည့် ဘေးအန္တ ရာယ်အမျိုးမျိုး ကျရောက်ကာ ပျက်စီးဆုံးရှုံးရတတ်သည်။