عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«أَسْرِعُوا بِالْجِنَازَةِ، فَإِنْ تَكُ صَالِحَةً فَخَيْرٌ تُقَدِّمُونَهَا، وَإِنْ يَكُ سِوَى ذَلِكَ، فَشَرٌّ تَضَعُونَهُ عَنْ رِقَابِكُمْ».
[صحيح] - [متفق عليه] - [صحيح البخاري: 1315]
المزيــد ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
“အသင်တို့ကို ဂျနာဇဟ်ကို အလျင်စလိုယူဆောင်သွားကြလော့။ အကယ်၍ သေသူသည် သူတော်ကောင်းဖြစ်လျှင် ယင်းသည် သင်တို့ရှေ့သို့ ပို့ဆောင်လိုက်သော ကောင်းကျိုးဖြစ်၏။ အကယ်၍ သေသူသည် သူတော်ကောင်းမဟုတ်ခဲ့လျှင် အသင်တို့သည် အသင်တို့၏ပခုံးများပေါ်မှ မကောင်းမှုကို ချလိုက်ခြင်းပင် ဖြစ်၏။”
[صحيح] - [متفق عليه] - [صحيح البخاري - 1315]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဂျနာဇဟ်အား ပြင်ဆင်ခြင်း၊ ဂျနာဇဟ်ဆွလားသ်ဖတ်ခြင်းနှင့် ဒဖန်မြှုပ်နှံခြင်းတို့ကို မြန်မြန်ဆန်ဆန်ပြုလုပ်ရန် အမိန့်ပေးတော်မူခဲ့သည်။ အကယ်၍ သေသူသည် သူတော် ကောင်းဖြစ်လျှင် ယင်းသည် ကောင်း ကျိုးဖြစ်သည့် ကဗရ်၏နိအ်မသ်စည်း စိမ်ဘက်သို့ သင်တို့ ပို့ဆောင်လိုက်ခြင်း ဖြစ်၏။ အကယ်၍ သေသူသည် သူတော်ကောင်းမဟုတ်ခဲ့လျှင် အသင်တို့သည် အသင်တို့၏ပခုံးများပေါ်မှ မကောင်းမှုကို ချလိုက်ခြင်းပင် ဖြစ်၏။