عَنِ الْبَرَاءِ بْنِ عَازِبٍ رَضيَ اللهُ عنه قَالَ:
أَمَرَنَا رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ بِسَبْعٍ، وَنَهَانَا عَنْ سَبْعٍ: أَمَرَنَا بِعِيَادَةِ الْمَرِيضِ، وَاتِّبَاعِ الْجَنَازَةِ، وَتَشْمِيتِ الْعَاطِسِ، وَإِبْرَارِ الْقَسَمِ، أَوِ الْمُقْسِمِ، وَنَصْرِ الْمَظْلُومِ، وَإِجَابَةِ الدَّاعِي، وَإِفْشَاءِ السَّلَامِ، وَنَهَانَا عَنْ خَوَاتِيمَ -أَوْ عَنْ تَخَتُّمٍ- بِالذَّهَبِ، وَعَنْ شُرْبٍ بِالْفِضَّةِ، وَعَنِ الْمَيَاثِرِ، وَعَنِ الْقَسِّيِّ، وَعَنْ لُبْسِ الْحَرِيرِ وَالْإِسْتَبْرَقِ وَالدِّيبَاجِ.
المزيد
ဗရာအ် ဗင်န် အာဇစ်ဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
"တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား အရာခုနစ်ခုကို (လုပ်ဆောင်ရန်) အမိန့်ပေးတော်မူခဲ့ပြီး အရာခုနစ်ခုမှ (ရှောင်ကြဉ်ရန်) တားမြစ်တော်မူခဲ့သည်။ ကျွန်ုပ်တို့အား အမိန့်ပေးတော်မူခဲ့သည် အရာများမှာ- (၁) လူမမာ သွားရောက်မေးမြန်းကြည့်ရှုခြင်း၊ ဂျနာဇဟ်လိုက်ပါပို့ဆောင်ခြင်း၊ နှာချေသူအား “ယရ်ဟမုကလ္လာဟ်”ဟု အဖြေပေးခြင်း၊ ကျိန်ဆိုမှုကို ဖြည့်ဆည်းပေးခြင်း၊ သို့မဟုတ် ကျိန်ဆိုသူအား ဖြည့်ဆည့်ပေးခြင်း၊ မတရားညှဉ်းဆဲခံရသူအား ကူညီခြင်း၊ ဖိတ်ခေါ်သူ၏ (ဖိတ်ခေါ်ကျွေးမွေးမှုကို) လက်ခံခြင်းနှင့် စလာမ်ကို ဖြန့်ချီခြင်းတို့ဖြစ်သည်။ ကျွန်ုပ်တို့အား တားမြစ်တော်မူခဲ့သည်အရာများမှာ- ရွှေလက်စွပ်ဝတ်ဆင်ခြင်း၊ ငွေထည်အိုးခွက်များဖြင့် သောက်သုံးခြင်း၊ မိယာစိရ် (ပိုးထည်နှင့် ပြုလုပ်ထားသောအခင်းအမျိုးအစား)၊ ကတ်စ်စီ (ချည်နှင့်ပိုး ရောယှက်ထည်ဖြင့် ပြုလုပ်ထားသည့် အဝတ်အထည်)၊ ဟရီရ် (ပိုးထည်)၊ အိစ်တဗ်ရက် (ပိုးထည်အထူ) နှင့် ဒီဘာ့ဂျ် (ပါးလွှာသောပိုးထည်) တို့ကို ဝတ်ဆင်ခြင်းတို့ဖြစ်သည်။"