«سَيِّدُ الِاسْتِغْفَارِ أَنْ تَقُولَ: اللَّهُمَّ أَنْتَ رَبِّي لاَ إِلَهَ إِلَّا أَنْتَ، خَلَقْتَنِي وَأَنَا عَبْدُكَ، وَأَنَا عَلَى عَهْدِكَ وَوَعْدِكَ مَا اسْتَطَعْتُ، أَعُوذُ بِكَ مِنْ شَرِّ مَا صَنَعْتُ، أَبُوءُ لَكَ بِنِعْمَتِكَ عَلَيَّ، وَأَبُوءُ لَكَ بِذَنْبِي فَاغْفِرْ لِي، فَإِنَّهُ لاَ يَغْفِرُ الذُّنُوبَ إِلَّا أَنْتَ» قَالَ: «وَمَنْ قَالَهَا مِنَ النَّهَارِ مُوقِنًا بِهَا، فَمَاتَ مِنْ يَوْمِهِ قَبْلَ أَنْ يُمْسِيَ، فَهُوَ مِنْ أَهْلِ الجَنَّةِ، وَمَنْ قَالَهَا مِنَ اللَّيْلِ وَهُوَ مُوقِنٌ بِهَا، فَمَاتَ قَبْلَ أَنْ يُصْبِحَ، فَهُوَ مِنْ أَهْلِ الجَنَّةِ». المزيد
ရှဒ်ဒါးဒ် ဗင်န် အောင်စ် (ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
" စိုင်ရိဒ္ဒုလ် အိစ်သိဂ်ဖာရ် " အပြည့်စုံဆုံး လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံခြင်းမှာ အသင့်အနေဖြင့် ဤသို့ ဆိုခြင်းဖြစ်သည်။
«اللَّهُمَّ أَنْتَ رَبِّي لاَ إِلَهَ إِلَّا أَنْتَ، خَلَقْتَنِي وَأَنَا عَبْدُكَ، وَأَنَا عَلَى عَهْدِكَ وَوَعْدِكَ مَا اسْتَطَعْتُ، أَعُوذُ بِكَ مِنْ شَرِّ مَا صَنَعْتُ، أَبُوءُ لَكَ بِنِعْمَتِكَ عَلَيَّ، وَأَبُوءُ لَكَ بِذَنْبِي فَاغْفِرْ لِي، فَإِنَّهُ لاَ يَغْفِرُ الذُّنُوبَ إِلَّا أَنْتَ»
အဓိပ္ပါယ် - (အိုအလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား မွေးမြူဖန်ဆင်းတော်မူသော အရှင်ဖြစ်ပါ၏။ အရှင်မြတ်မှတပါး အခြားကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပါ။ အရှင်မြတ်သည် ကျွန်တော်မျိုးအား ဖန်ဆင်းတော်မူခဲ့ပါသည်။ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ကျေးကျွန်ဖြစ်ပါသည်။ ကျွန်တော်မျိုး တတ်စွမ်းနိုင်သမျှ အရှင်မြတ်၏ ကတိကဝတ်ပေါ်၌ ရပ်တည်နေပါ၏။ ကျွန်တော်မျိုး ပြုလုပ်ခဲ့မိသော မကောင်းမှုများ၏ဘေးရန်မှ အရှင်မြတ်ထံ ခိုလှုံပါ၏။ ကျွန်တော်မျိုးအပေါ် အရှင်မြတ် ချီးမြှင့်တော်မူထားသော ကျေးဇူးတော်များကို ကျွန်တော်မျိုး ဝန်ခံပါ၏။ ကျွန်တော်မျိုး၏ အပြစ်များကိုလည်း ဝန်ခံပါ၏။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးအား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပါ။ ဧကန်စင်စစ် အရှင်မြတ်သာလျှင် အပြစ်များကို ခွင့်လွှတ်တော်မူသောအရှင် ဖြစ်ပါသည်။) ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- "မည်သူမဆို နေ့အချိန်တွင် ဤဒုအာကို ယုံကြည်မှုအပြည့်ဖြင့် ရွတ်ဆိုပြီး ထိုနေ့ ညနေမတိုင်မီ သေဆုံးခဲ့လျှင် ထိုသူသည် ဂျန္နသ်သုခဘုံသားများထဲမှ ဖြစ်လိမ့်မည်။ ထိုနည်းတူ မည်သူမဆို ညဉ့်အချိန်တွင် ဤဒုအာကို ယုံကြည်မှုအပြည့်ဖြင့် ရွတ်ဆိုပြီး မနက်မိုးမလင်းခင် သေဆုံးခဲ့လျှင် ထိုသူသည် ဂျန္နသ်သုခဘုံသားများထဲမှ ဖြစ်လိမ့်မည်။