عن علي بن أبي طالب، ومعاذ بن جبل رضي الله عنهما مرفوعًا: «إذا أتى أحدُكم الصلاةَ والإمامُ على حال، فلْيصنعْ كما يصنع الإمامُ».
[ضعيف] - [رواه الترمذي]
المزيــد ...
အလီဗင်န် အဗူသွာလိဗ်နှင့် မုအာဇ်ဗင်န် ဂျဗလ်(ရဿွိယလ္လာဟုအန်ဟုမာ)တို့က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အိမာမ် ရှေ့ဆောင်သည် (ဆွလာသ်၏) အခြေအနေတစ်ခု၌ ရှိနေစဥ် သင်တို့အနက် တစ်ဦးတစ်ယောက်သည် ဆွလာသ်ဆောက်တည်ရန် ရောက်ရှိလာပါက ထိုသူသည် အိမာမ်ပြုလုပ်သည့်အတိုင်းသာ ပြုလုပ်ရမည်။
သင်တို့အနက် တစ်ဦးတစ်ယောက်သည် ဆွလာသ်ဆောက်တည်ရန် ရောက်ရှိလာသည့်အခါ အိမာမ်ရှေ့ဆောင်သည် ရပ်လျက် သို့မဟုတ် ဦးညွှတ်လျက် သို့မဟုတ် ဦးချလျက် သို့မဟုတ် ထိုင်လျက် ရှိနေပါက ၎င်းသူသည် အိမာမ်ရှိနေသည့် ကိယာမ် သို့မဟုတ် ရကူအ် သို့မဟုတ် အခြားမည်သည့်အခြေအနေတွင်မဆို အတူပါဝင်လိုက်ရမည်။ အချို့သာမန်လူများ ပြုသကဲ့သို့ အိမာမ် မတ်တပ်ရပ်လာသည်အထိ စောင့်ဆိုင်းနေခြင်းမပြုရပေ။