အမျိုးအစား: .
+ -
عن عبد الله بن عمرو رضي الله عنهما قال: قال رسول الله صلى الله عليه وسلم:

«يقالُ لصاحبِ القرآن: اقرَأ وارتَقِ، ورتِّل كما كُنْتَ ترتِّل في الدُنيا، فإن منزِلَكَ عندَ آخرِ آية تقرؤها».
[حسن] - [رواه أبو داود والترمذي والنسائي في الكبرى وأحمد] - [سنن أبي داود: 1464]
المزيــد ...

အဗ်ဒုလ္လာဟ်ဗင်အမ်ရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ကုရ်အာန်ကျွမ်းကျင်သူအား ပြောမည်မှာ- ဖတ်ပါ၊ တက်ပါ၊ အသင်လောက၌ ရှိစဥ်အခါက သရ်သီလ်နှင့်ဖတ်ခဲ့သည့်အတိုင်း သရ်သီလ်နှင့်ဖတ်ပါ။အသင်၏ အဆင့်အတန်းသည် သင်နောက်ဆုံး ဖတ်ရွတ်လိုက်သည့် အာယသ်တော်နှင့်အညီ ရှိနေမည်ဖြစ်သည်။

[ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။] - - [سنن أبي داود - 1464]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ရွတ်သူ၊ ကျမ်းလာအတိုင်း အမလ်ကျင့်ဆောင်သူ၊ ကုရ်အာန်ကျမ်းမြတ်ကို အမြဲတ‌စေဖတ်ရွတ်ပြီး အာဂုံဆောင်သူသည် ဂျန္နသ်သို့ဝင်ရောက်သည့်အခါ ဤသို့ပြောကြားခြင်းခံရမည်ဖြစ်သည်။ အသင်ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ပါ၊ ဂျန္နသ်၏အဆင့်များသို့တက်ပါ အသင်လောက၌ ရှိစဥ်အခါက ဖြည်းညင်းတည်ငြိမ်စွာဖြင့် ဌာန်ကရိုဏ်းကျစွာဖတ်ခဲ့သည့်အတိုင်း သရ်သီလ်နှင့်ဖတ်ပါ။ အသင်၏ အဆင့်အတန်းသည် တစ်အာယသ်ပြီးတိုင်း အဆင့်တစ်ဆင့်တက်သွားပြီး သင်နောက်ဆုံး ဖတ်ရွတ်လိုက်သည့် အာယသ်တော်နှင့်အညီ အဆင့်အတန်းရရှိမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အမလ်ကျင့်ဆောင်မှုများ၏ ပမာဏနှင့် ကျင့်ဆောင်သည့်နည်းလမ်းပေါ်မူတည်၍ အစားပြန်လည်ရရှိမည်ဖြစ်သည်။
  2. ကုရ်အာန်ကျမ်းတော်မြတ်ကို ကျွမ်းကျင်စွာ ဖတ်ရွတ်ရန်၊ ကျက်မှတ်ရန်၊ စဉ်းစားတွေးတောရန်၊ လိုက်နာကျင့်သုံးရန် တိုက်တွန်းထားသည်။
  3. ဂျန္နသ်တွင် အဆင့်အတန်းများစွာရှိပြီး ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ရွတ်ပြီး လိုက်နာကျင့်သုံးသူများသည် ဂျန္နသ်တွင်အမြင့်ဆုံးအဆင့်အတန်းကို ရရှိမည်ဖြစ်သည်။
الملاحظة
أهمية العمل بالقرآن وتدبره.
النص المقترح গুরআন
الملاحظة
أهمية العمل بالقرآن وتدبره.
Quraner fajilot
النص المقترح لا يوجد...
ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية الطاجيكية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি الفولانية အီတလီ অরমো কন্নড় الولوف البلغارية আজারী اليونانية الأوزبكية الأوكرانية الجورجية المقدونية
ဘာသာပြန်များကို ကြည့်ရှုရန်
အမျိုးအစားများ
ထပ်၍