عَنْ أَبِي الْجَعْدِ الضَّمْرِيِّ رَضيَ اللهُ عنهُ، وَكَانَتْ لَهُ صُحْبَةٌ، أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«مَنْ تَرَكَ ثَلَاثَ جُمَعٍ تَهَاوُنًا بِهَا طَبَعَ اللَّهُ عَلَى قَلْبِهِ».

[صحيح] - [رواه أبو داود والترمذي والنسائي وابن ماجه وأحمد] - [سنن أبي داود: 1052]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဘူလ်ဂျအ်ဒ် ဿွမ်ရီ (ရဿွိယလ္လာဟုအန်ဟု) ထံမှ ဆင့်ပြန်လာရှိသည်- (သူသည် ဆွဟာဗီတစ်ဦးလည်းဖြစ်သည်) တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်-
“မည်သူမဆို ပေါ့ဆမှု(လျစ်လျူရှုမှု) ကြောင့် ဂျုမုအဟ် (ဆွလာသ်) သုံးကြိမ်ကို စွန့်လွှတ်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် သူ၏ နှလုံးသားပေါ်တွင် တံဆိပ်ခတ်နှိပ်တော်မူလိုက်သည်။”

[صحيح] - [رواه أبو داود والترمذي والنسائي وابن ماجه وأحمد] - [سنن أبي داود - 1052]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဂျုမုအဟ်ဆွလာသ်ကို စွန့်လွှတ်ခြင်းမှ သတိပေးတားမြစ်ခဲ့ပြီး၊ အကြောင်းပြချက်မရှိဘဲ ပေါ့ဆမှုနှင့် လျစ်လျူရှုမှုကြောင့် ဂျုမုအဟ်ဆွလာသ်ကို သုံးကြိမ် စွန့်လွှတ်သူအား အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုသို့ ရောက်ရှိခြင်းမှ တားဆီးသည့်အနေ ဖြင့် သူ၏နှလုံးသားပေါ်ကို ဖုံးအုပ် တံဆိပ် ခတ်နှိပ်တော်မူမည် ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အိဗ်နုလ်မွန်ဇိရ်က ဂျုမုအဟ်ဆွလာသ်သည် ဖရ်ဿ်ွအိုင်းန် (အရွယ်ရောက်ပြီး မွတ်စ်လင်မ် တစ်ဦးစီအပေါ် တစ်ဦးချင်း မပြုမနေရတာဝန်ဝတ္တရားဖြစ်သည်) ဟူသော အချက်အပေါ် အိဂျ်မာအ် (ပညာရှင်အားလုံး၏ သဘောထား တူညီမှု) ကို ဆင့်ပြန်တင်ပြထားသည်။
  2. ဂျုမုအဟ်ဆွလာသ်ကို ပေါ့ဆမှုကြောင့် စွန့်လွှတ်သူအတွက် ပြင်းထန်သောခြိမ်းခြောက်မှုမှာ အလ္လာဟ် အရှင်မြတ်သည် သူ၏နှလုံးသားပေါ်တွင် တံဆိပ်ခတ်နှိပ်တော်မူမည်ဖြစ်သည်။
  3. အကြောင်းပြချက်တစ်ခုခု (ဥပမာ- ဖျားနာခြင်း၊ ခရီးသွားခြင်း စသည်) ကြောင့် ဂျုမုအဟ်ဆွလာသ်ကို စွန့်လွှတ်သူမှာ ဤခြိမ်းခြောက်မှုတွင် မပါဝင်ပေ။
  4. အိမာမ်ရှောင်ကာနီက မိန့်ဆိုသည်မှာ - တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ မိန့်ကြားချက် "ဂျုမုအဟ်ဆွလာသ် သုံးကြိမ်" နှင့် ပတ်သက်၍ ဖြစ်နိုင်ချေ နှစ်မျိုးရှိသည်- ၁။ ဂျုမုအဟ်ဆွလာသ် သုံးကြိမ် လစ်ဟင်းခြင်းကို ဆိုလိုသည်၊ ၎င်း ဂျုမုအဟ်ဆွလာသ်များသည် ဆက်တိုက်ဖြစ်စေ၊ သီးခြားဖြစ်စေ (ဥပမာ- နှစ်စဉ် တစ်နှစ်တစ်ခါ ဂျုမာအဟ် တစ်ကြိမ် လစ်ဟင်းပါက တတိယမြောက်တွင် နှလုံးသားပေါ် တံဆိပ်ခတ်ခံရမည်) – ဤသည် ဟဒီးစ်တော်၏ ထင်ရှားသော အနက်အဓိပ္ပါယ်ဖြစ်သည်။ ၂။ ဆက်တိုက် ဂျုမုအဟ် သုံးကြိမ် (တစ်ဆက်တည်း) လစ်ဟင်းခြင်းကို ဆိုလိုသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ထပ်၍