«أَنَا سَيِّدُ النَّاسِ يَوْمَ القِيَامَةِ، وَهَلْ تَدْرُونَ مِمَّ ذَلِكَ؟ يَجْمَعُ اللَّهُ النَّاسَ الأَوَّلِينَ وَالآخِرِينَ فِي صَعِيدٍ وَاحِدٍ، يُسْمِعُهُمُ الدَّاعِي وَيَنْفُذُهُمُ البَصَرُ، وَتَدْنُو الشَّمْسُ، فَيَبْلُغُ النَّاسَ مِنَ الغَمِّ وَالكَرْبِ مَا لاَ يُطِيقُونَ وَلاَ يَحْتَمِلُونَ، فَيَقُولُ النَّاسُ: أَلاَ تَرَوْنَ مَا قَدْ بَلَغَكُمْ، أَلاَ تَنْظُرُونَ مَنْ يَشْفَعُ لَكُمْ إِلَى رَبِّكُمْ؟ فَيَقُولُ بَعْضُ النَّاسِ لِبَعْضٍ: عَلَيْكُمْ بِآدَمَ، فَيَأْتُونَ آدَمَ عَلَيْهِ السَّلاَمُ فَيَقُولُونَ لَهُ: أَنْتَ أَبُو البَشَرِ، خَلَقَكَ اللَّهُ بِيَدِهِ، وَنَفَخَ فِيكَ مِنْ رُوحِهِ، وَأَمَرَ المَلاَئِكَةَ فَسَجَدُوا لَكَ، اشْفَعْ لَنَا إِلَى رَبِّكَ، أَلاَ تَرَى إِلَى مَا نَحْنُ فِيهِ، أَلاَ تَرَى إِلَى مَا قَدْ بَلَغَنَا؟ فَيَقُولُ آدَمُ: إِنَّ رَبِّي قَدْ غَضِبَ اليَوْمَ غَضَبًا لَمْ يَغْضَبْ قَبْلَهُ مِثْلَهُ، وَلَنْ يَغْضَبَ بَعْدَهُ مِثْلَهُ، وَإِنَّهُ قَدْ نَهَانِي عَنِ الشَّجَرَةِ فَعَصَيْتُهُ، نَفْسِي نَفْسِي نَفْسِي، اذْهَبُوا إِلَى غَيْرِي، اذْهَبُوا إِلَى نُوحٍ، فَيَأْتُونَ نُوحًا فَيَقُولُونَ: يَا نُوحُ، إِنَّكَ أَنْتَ أَوَّلُ الرُّسُلِ إِلَى أَهْلِ الأَرْضِ، وَقَدْ سَمَّاكَ اللَّهُ عَبْدًا شَكُورًا، اشْفَعْ لَنَا إِلَى رَبِّكَ، أَلاَ تَرَى إِلَى مَا نَحْنُ فِيهِ؟ فَيَقُولُ: إِنَّ رَبِّي عَزَّ وَجَلَّ قَدْ غَضِبَ اليَوْمَ غَضَبًا لَمْ يَغْضَبْ قَبْلَهُ مِثْلَهُ، وَلَنْ يَغْضَبَ بَعْدَهُ مِثْلَهُ، وَإِنَّهُ قَدْ كَانَتْ لِي دَعْوَةٌ دَعَوْتُهَا عَلَى قَوْمِي، نَفْسِي نَفْسِي نَفْسِي، اذْهَبُوا إِلَى غَيْرِي، اذْهَبُوا إِلَى إِبْرَاهِيمَ، فَيَأْتُونَ إِبْرَاهِيمَ فَيَقُولُونَ: يَا إِبْرَاهِيمُ أَنْتَ نَبِيُّ اللَّهِ وَخَلِيلُهُ مِنْ أَهْلِ الأَرْضِ، اشْفَعْ لَنَا إِلَى رَبِّكَ أَلاَ تَرَى إِلَى مَا نَحْنُ فِيهِ، فَيَقُولُ لَهُمْ: إِنَّ رَبِّي قَدْ غَضِبَ اليَوْمَ غَضَبًا لَمْ يَغْضَبْ قَبْلَهُ مِثْلَهُ، وَلَنْ يَغْضَبَ بَعْدَهُ مِثْلَهُ، وَإِنِّي قَدْ كُنْتُ كَذَبْتُ ثَلاَثَ كَذِبَاتٍ، نَفْسِي نَفْسِي نَفْسِي، اذْهَبُوا إِلَى غَيْرِي، اذْهَبُوا إِلَى مُوسَى فَيَأْتُونَ، مُوسَى فَيَقُولُونَ: يَا مُوسَى أَنْتَ رَسُولُ اللَّهِ، فَضَّلَكَ اللَّهُ بِرِسَالَتِهِ وَبِكَلاَمِهِ عَلَى النَّاسِ، اشْفَعْ لَنَا إِلَى رَبِّكَ، أَلاَ تَرَى إِلَى مَا نَحْنُ فِيهِ؟ فَيَقُولُ: إِنَّ رَبِّي قَدْ غَضِبَ اليَوْمَ غَضَبًا لَمْ يَغْضَبْ قَبْلَهُ مِثْلَهُ، وَلَنْ يَغْضَبَ بَعْدَهُ مِثْلَهُ، وَإِنِّي قَدْ قَتَلْتُ نَفْسًا لَمْ أُومَرْ بِقَتْلِهَا، نَفْسِي نَفْسِي نَفْسِي، اذْهَبُوا إِلَى غَيْرِي، اذْهَبُوا إِلَى عِيسَى ابْنِ مَرْيَمَ، فَيَأْتُونَ عِيسَى، فَيَقُولُونَ: يَا عِيسَى أَنْتَ رَسُولُ اللَّهِ، وَكَلِمَتُهُ أَلْقَاهَا إِلَى مَرْيَمَ وَرُوحٌ مِنْهُ، وَكَلَّمْتَ النَّاسَ فِي المَهْدِ صَبِيًّا، اشْفَعْ لَنَا إِلَى رَبِّكَ أَلاَ تَرَى إِلَى مَا نَحْنُ فِيهِ؟ فَيَقُولُ عِيسَى: إِنَّ رَبِّي قَدْ غَضِبَ اليَوْمَ غَضَبًا لَمْ يَغْضَبْ قَبْلَهُ مِثْلَهُ قَطُّ، وَلَنْ يَغْضَبَ بَعْدَهُ مِثْلَهُ، وَلَمْ يَذْكُرْ ذَنْبًا، نَفْسِي نَفْسِي نَفْسِي اذْهَبُوا إِلَى غَيْرِي اذْهَبُوا إِلَى مُحَمَّدٍ، فَيَأْتُونَ مُحَمَّدًا فَيَقُولُونَ: يَا مُحَمَّدُ أَنْتَ رَسُولُ اللَّهِ وَخَاتِمُ الأَنْبِيَاءِ، وَقَدْ غَفَرَ اللَّهُ لَكَ مَا تَقَدَّمَ مِنْ ذَنْبِكَ وَمَا تَأَخَّرَ، اشْفَعْ لَنَا إِلَى رَبِّكَ أَلاَ تَرَى إِلَى مَا نَحْنُ فِيهِ، فَأَنْطَلِقُ فَآتِي تَحْتَ العَرْشِ، فَأَقَعُ سَاجِدًا لِرَبِّي عَزَّ وَجَلَّ، ثُمَّ يَفْتَحُ اللَّهُ عَلَيَّ مِنْ مَحَامِدِهِ وَحُسْنِ الثَّنَاءِ عَلَيْهِ شَيْئًا، لَمْ يَفْتَحْهُ عَلَى أَحَدٍ قَبْلِي، ثُمَّ يُقَالُ: يَا مُحَمَّدُ ارْفَعْ رَأْسَكَ سَلْ تُعْطَهْ، وَاشْفَعْ تُشَفَّعْ فَأَرْفَعُ رَأْسِي، فَأَقُولُ: أُمَّتِي يَا رَبِّ، أُمَّتِي يَا رَبِّ، أُمَّتِي يَا رَبِّ، فَيُقَالُ: يَا مُحَمَّدُ أَدْخِلْ مِنْ أُمَّتِكَ مَنْ لاَ حِسَابَ عَلَيْهِمْ مِنَ البَابِ الأَيْمَنِ مِنْ أَبْوَابِ الجَنَّةِ، وَهُمْ شُرَكَاءُ النَّاسِ فِيمَا سِوَى ذَلِكَ مِنَ الأَبْوَابِ، ثُمَّ قَالَ: وَالَّذِي نَفْسِي بِيَدِهِ، إِنَّ مَا بَيْنَ المِصْرَاعَيْنِ مِنْ مَصَارِيعِ الجَنَّةِ، كَمَا بَيْنَ مَكَّةَ وَحِمْيَرَ -أَوْ كَمَا بَيْنَ مَكَّةَ وَبُصْرَى-». المزيد
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ တစ်ရက်တွင် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ ဒအ်ဝသ် (ဖိတ်ခေါ်ကျွေးမွေးမှု) တစ်ခုတွင် ပါဝင်ခဲ့ကြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံ ကိုယ်တော်ကြိုက်နှစ်သက်
တော်မူသည့် (ဆိတ်၏) လက်ဖျံသားကို ဆက်သခဲ့ကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ထိုအသားကို တစ်ကိုက်ကိုက်၍ မိန့်ကြားတော်မူသည် -
“ကိယာမတ်နေ့တွင် ကျွန်ုပ်သည် လူသားအားလုံး၏ ခေါင်းဆောင်ဖြစ်မည်။ မည်သည့် အရာမှ ဖြစ်သည်ကို သင်တို့ သိကြပါသလား။ အလ္လာဟ်အရှင်မြတ်သည် ကိယာမတ်နေ့၌ ရှေးလွန်လေပြီးသူများနှင့် နောင်လာမည့် လူသားအားလုံးကို ပြန့်ပြူးသော ကွင်းပြင်ကြီးတစ်ခုတွင် စုရုံးစေတော်မူမည်။ မျက်စိသည် သူတို့အားလုံးကို မြင်နိုင်မည်။ ဟစ်ခေါ်သူတိုင်းသည် သူတို့အားလုံးအား မိမိ၏အသံကို ကြားစေနိုင်မည်။ နေသည် လူတို့နှင့် အလွန်နီးကပ်လာမည်။ လူတို့သည် မိမိတို့ သည်းခံနိုင်စွမ်းထက် ကျော်လွန်သော ပြင်းထန်သည့် ဝေဒနာနှင့် ပူပန်သောကကို ခံစားရကြမည်။ လူတို့သည် တစ်ဦးကိုတစ်ဦး ပြောဆိုကြမည် - ‘အသင်တို့ ကြုံနေရသည့် ဘေးဒုက္ခကို အသင်တို့ မမြင်ကြလေသလော။ သင်တို့သည် အလ္လာဟ်အရှင်မြတ်ထံတွင် အသင်တို့အတွက် ရှဖာအသ်(ကြားဝင်အသနားခံပေး) မည့်သူကို မရှာကြဘူးလော။ ထို့နောက် လူတို့သည် အချင်းချင်း ပြောဆိုကြမည် - ‘အသင်တို့၏ ဖခင်မှာအာဒမ် (အလိုင်ဟစ္စလာမ်) ဖြစ်သည်။ ထို့အခါ လူတို့သည် အာဒမ် (အလိုင်ဟစ္စလာမ်) ထံသို့ ရောက်လာကြမည်။ သူတို့က အာဒမ် (အလိုင်ဟစ္စလာမ်) အား လျှောက်ထားကြမည် - ‘အို အာဒမ်၊ အသင်သည် လူသားအားလုံး၏ ဖခင်ဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ်သည် အသင့်အား မိမိ၏လက်တော်ဖြင့် ဖန်ဆင်းတော်မူခဲ့သည်။ သင့်အတွင်း၌ မိမိ ထံမှဝိညာဉ်တော်ကို မှုတ်သွင်းခဲ့သည်။ မလာအိကဟ်ကောင်းကင်တမန်များအား အသင့်ကို စဂျ်ဒဟ်ဦးချရန် အမိန့်ပေးတော်မူခဲ့သောကြောင့် ၎င်းတို့သည် အသင့်အား စဂျ်ဒဟ်ဦးချခဲ့ကြသည်။ အသင့်အားဂျန္နသ်သုခဘုံတွင် နေထိုင်စေခဲ့သည်။ အသင်၏အရှင်
သခင်ထံ ကျွန်ုပ်တို့အတွက် ရှဖာအသ်ကြားဝင်အသနားခံပေးခြင်း မပြုဘူးလော။ အသင်သည် ကျွန်ုပ်တို့၏ ဤအခြေအနေကို မမြင်ဘူးလော။ ကျွန်ုပ်တို့အပေါ် ကျရောက်လာသော ဤဘေးဒုက္ခကို မမြင်ဘူးလော။ ထိုအခါ အာဒမ် (အလိုင်ဟစ္စလာမ်) က သူတို့အား ပြန်ပြောမည် - ‘ယနေ့တွင် ကျွန်ုပ်၏အရှင်သည် ယခင်က မဖြစ်ခဲ့ဘူးသော၊ နောင်တွင်လည်း ဖြစ်မလာတော့မည် အမျက်တော်ရှနေပါသည်။ ထို့အပြင် အရှင်မြတ်သည် ကျွန်ုပ်အား (အထူး) သစ်ပင်တစ်ပင် (မှ ဝေးစွာ နေရန်) တားမြစ်တော်မူခဲ့သော်လည်း ကျွန်ုပ်သည် အမိန့်ဖီဆန်ခဲ့မိပါသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ သင်တို့သည် အခြားသူတစ်ဦးထံသို့ သွားကြလော့။ နူဟ် ထံသို့ သွားကြလော့။’ ထို့နောက် လူတို့သည် နူဟ် (အလိုင်ဟစ္စလာမ်) ထံသို့ ရောက်လာကြမည်။ သူတို့က နူဟ် (အလိုင်ဟစ္စလာမ်) အား လျှောက်ထားကြမည် - ‘အို - နူဟ် ၊ အသင်သည် ကမ္ဘာမြေသို့ စေလွှတ်ခံရသော ပထမဆုံး ရစူလ်တမန်တော်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အသင့်အား အလွန်ကျေးဇူးသိတတ်သော ကျေးကျွန်အဖြစ် အမည်ပေး တော်မူခဲ့သည်။ အသင်သည် ကျွန်ုပ်တို့၏ ဤအခြေအနေကို မမြင်ဘူးလော။ အသင်သည် ကျွန်ုပ်တို့အပေါ် ကျရောက်လာသော ဤဘေးဒုက္ခကို မမြင်ဘူးလော။ အသင်၏အရှင်သခင်ထံ ကျွန်ုပ်တို့အတွက် ရှဖာအသ်ကြားဝင်အသနားခံပေးခြင်း မပြုဘူးလော။ ထိုအခါ နူဟ် (အလိုင်ဟစ္စလာမ်) က သူတို့အား ပြန်ပြောမည် - ‘ယနေ့တွင် ကျွန်ုပ်၏အရှင်သည် ယခင်က မဖြစ်ခဲ့ဘူးသော၊ နောင်တွင်လည်း ဖြစ်မလာတော့မည် အမျက်တော်ရှနေပါသည်။ ဧကန်စင်စစ် ကျွန်ုပ်အတွက် (အထူး) တောင်းဆုတစ်ခုပြုခွင့် ရှိခဲ့သည်။ ထိုတောင်းဆုကို ကျွန်ုပ်က မိမိအမျိုးသားတို့အပေါ် ပျက်စီးစေရန် သဘောဖြင့် တောင်းခဲ့မိသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ သင်တို့သည် အခြားသူတစ်ဦးထံသို့ သွားကြလော့။ အသင်တို့သည် အီဗ်ရာဟီမ်ထံသို့ သွားကြလော့။’ ထို့နောက် လူတို့သည် အီဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်) ထံသို့ ရောက်လာကြမည်။ သူတို့က အီဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်) အား လျှောက်ထားကြမည် - ‘အသင်သည် အလ္လာဟ်အရှင်မြတ်၏ နဗီတမန်တော်ဖြစ်ပြီး ကမ္ဘာမြေပေါ်ရှိ လူတို့အနက် အရှင်မြတ်၏ ခလီလ် (မိတ်ဆွေ)လည်း ဖြစ်ပါသည်။ အသင်၏အရှင်သခင်ထံ ကျွန်ုပ်တို့အတွက် ရှဖာအသ်ကြားဝင်အသနားခံပေးခြင်း မပြုဘူးလော။ အသင်သည် ကျွန်ုပ်တို့၏ ဤအခြေအနေကို မမြင်ဘူးလော။ အီဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်) က သူတို့အား ပြောမည် - ‘ယနေ့တွင် ကျွန်ုပ်၏
အရှင်သည် ယခင်က မဖြစ်ခဲ့ဘူးသော၊ နောင်တွင်လည်း ဖြစ်မလာတော့မည် အမျက်တော်ရှနေပါသည်။ စင်စစ် ကျွန်ုပ်သည် မုသားသုံးကြိမ် ပြောခဲ့မိသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ သင်တို့သည် အခြားသူတစ်ဦးထံသို့ သွားကြလော့။ မူဆာထံသို့ သွားကြလော့။ ထို့နောက် လူတို့သည် မူဆာ (အလိုင်ဟစ္စလာမ်) ထံသို့ ရောက်လာကြမည်။ သူတို့က မူဆာ (အလိုင်ဟစ္စလာမ်) အား လျှောက်ထားကြမည် - ‘အို-မူဆာ အသင်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်တစ်ပါးဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ဗျာဒိတ်တော်များနှင့် မိမိနှင့်တိုက်ရိုက်စကားပြောခွင့်ဖြင့် အသင့်အား လူသားများအားလုံးထက် သာပိုမြင့်မြတ်စေတော်မူခဲ့သည်။ အသင်၏အရှင်သခင်ထံ ကျွန်ုပ်တို့အတွက် ရှဖာအသ်ကြားဝင်အသနားခံပေးခြင်း မပြုဘူးလော။ အသင်သည် ကျွန်ုပ်တို့၏ ဤအခြေအနေကို မမြင်ဘူးလော။ မူဆာ (အလိုင်ဟစ္စလာမ်) က သူတို့အား ပြောမည် - ‘ယနေ့တွင် ကျွန်ုပ်၏အရှင်သည် ယခင်က မဖြစ်ခဲ့ဘူးသော၊ နောင်တွင်လည်း ဖြစ်မလာတော့မည် အမျက်တော်ရှနေပါသည်။ စင်စစ် ကျွန်ုပ်သည် အသက်တစ်ခုကို သတ်ခဲ့မိသည်။ ယင်းအားသတ်ရန်အတွက် ကျွန်ုပ်အမိန့်ပေးတော်မူခြင်း မခံခဲ့ရပေ။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ သင်တို့သည် အခြားသူတစ်ဦးထံသို့ သွားကြလော့။ အသင်တို့ အီစာထံသို့ သွားကြလော့။ ထို့နောက် လူတို့သည် အီစာ (အလိုင်ဟစ္စလာမ်) ထံသို့ ရောက်လာကြမည်။ သူတို့က အီစာ (အလိုင်ဟစ္စလာမ်) အား လျှောက်ထားကြမည် ၊ ‘အို - အီစာ၊ အသင်သည် အလ္လာဟ် အရှင်မြတ်၏ ရစူလ်တမန်တော်နှင့် အရှင်မြတ်၏ (တတ်စွမ်းနိုင်မှုကို ထင်ပေါ်စေသော) နှုတ်ကပတ်တော်ပင် ဖြစ်သည်။ အရှင်မြတ်သည် ထိုနှုတ်ကပတ်တော်ကို မရ်ယမ်ထဲသို့ ထည့်ပေးတော်မူခဲ့သည်။ ၎င်းပြင် (ထိုနှုတ်ကပတ်တော်သည်) အရှင်မြတ်ထံမှ (ချီးမြှင့်တော်မူသော) ဝိညာဉ်တော်လည်း ဖြစ်ပါသည်။ ထို့ပြင် အသင်သည် ပုခက်အတွင်း၌လည်း လူတို့အား စကားပြောခဲ့ပါသည်။ အသင်၏အရှင်သခင်ထံ ကျွန်ုပ်တို့အတွက် ရှဖာအသ်ကြားဝင်အသနားခံပေးခြင်း မပြုဘူးလော။ အသင်သည် ကျွန်ုပ်တို့၏ ဤအခြေအနေကို မမြင်ဘူးလော။ အီစာ (အလိုင်ဟစ္စလာမ်) က သူတို့အား ပြောမည် - ‘ယနေ့တွင် ကျွန်ုပ်၏အရှင်သည် ယခင်က မဖြစ်ခဲ့ဘူးသော၊ နောင်တွင်လည်း ဖြစ်မလာတော့မည် အမျက်တော်ရှနေပါသည်။ အီစာ (အလိုင်ဟစ္စလာမ်) သည် မိမိ၏ မည်သည့်အပြစ်ကိုမျှ ဖော်ပြခြင်းမပြုခဲ့ဘဲ (ဤသို့သာ ပြောမည်) ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ သင်တို့သည် အခြားသူတစ်ဦးထံသို့ သွားကြလော့။ အသင်တို့အားလုံး မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ သွားကြလော့။ ဆင့်ပြန်ချက်တစ်ခုတွင်လာရှိသည်မှာ သူတို့သည် ငါကိုယ်တော့်ထံရောက်လာပြီး ပြောကြမည် - ‘အို -မုဟမ္မဒ်၊ အသင်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ပြီး နောက်ဆုံးနဗီတမန်တော်လည်းဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ်သည် အသင်၏ ယခင်က အပြစ်အားလုံးနှင့် နောင်ဖြစ်လာမည့် အပြစ်အားလုံးကို ခွင့်လွှတ်တော်မူပြီးဖြစ်ပါသည်။ အသင်၏အရှင်သခင်ထံ ကျွန်ုပ်တို့အတွက် ရှဖာအသ်ကြားဝင်အသနားခံပေးခြင်း မပြုဘူးလော။ အသင်သည် ကျွန်ုပ်တို့၏ ဤအခြေအနေကို မမြင်ဘူးလော။ ထိုအခါ ငါကိုယ်တော်သည် ထွက်ခွာ၍ အရ်ရှ်ပလ္လင်တော် အောက်သို့လာပြီး ငါကိုယ်တော်၏
အရှင်အား စဂျ်ဒဟ်ဦးချမည်ဖြစ်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ငါကိုယ်တော့်အလျင် မည်သူ့ကိုမျှ ဖွင့်ပေးတော်မမူခဲ့သော အရှင့်အား ချီးမွမ်း ထောမနာပြုခြင်း၊ ကောင်းမွန်သော ချီးကျူးခြင်းများ (၏ တံခါးများ) ကို ဖွင့်လှစ်ပေးတော်မူမည်။ ထို့နောက် အရှင်မြတ်က မိန့်ကြားတော်မူမည် - ‘အိုမုဟမ္မဒ်၊ သင်၏ဦးခေါင်းကို မော့လော့။ လိုရာဆုကို တောင်းလော့၊ အသင် ချီးမြှင့်ပေးသနားတော်မူခြင်းခံရမည်။ ရှဖာအသ်ကြားဝင်အသနားခံပေးလော့၊ အသင်၏ ရှဖာအသ်ကြားဝင်အသနားခံမှုသည် လက်ခံခြင်းခံရတော်မူမည်။ ထိုအခါ ငါကိုယ်တော်သည် ဦးခေါင်းကို မော့၍ လျှောက်ထားမည် - ‘အိုကျွန်တော်မျိုးအား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၏အွမ္မသ်သားများအား သနားတော်မူပါ။ အိုကျွန်တော်မျိုးအား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၏အွမ္မသ်သားများအား သနားတော်မူပါ။ အိုကျွန်တော်မျိုးအား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၏အွမ္မသ်သားများအား သနားတော်မူပါ။ ထိုအခါ မိန့်ကြားခြင်းခံရမည် - ‘အိုမုဟမ္မဒ်၊ သင်၏အွမ္မသ်သားများအနက် စာရင်းစစ်ဆေးခြင်း မခံရမည့်သူများကို ဂျန္နတ်သုခဘုံ၏ ညာဘက်တံခါးမှ ဝင်ရောက်စေလော့။ ထိုသူတို့သည် ဂျန္နတ်သုခဘုံ၏ အခြားတံခါးများမှလည်း (ဝင်ရောက်ခွင့်ရှိသော) လူများနှင့် အတူရှိကြမည်။’ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည် - မုဟမ္မဒ်၏ အသက်ဝိညာဥ်ကို စိုးပိုင်တော်မူသော အရှင်၏ကစမ်၊ ဂျန္နတ်သုခဘုံ၏ တံခါးပေါက်နှစ်ခုကြား အကွာအဝေးသည် မက္ကာမြို့နှင့် ဟင်မ်ယရ်မြို့ (သို့မဟုတ်) မက္ကာမြို့နှင့် ဗဆွရာမြို့ကြား အကွာအဝေးနှင့် တူညီလိမ့်မည်။