(وَقَالُوا لا تَذَرُنَّ آلِهَتَكُمْ وَلا تَذَرُنَّ وَدًّا وَلا سُوَاعًا وَلا يَغُوثَ وَيَعُوقَ وَنَسْرًا) قال: "هذه أسماء رجال صالحين من قوم نوح، فلما هَلَكوا أَوحى الشَّيطان إلى قَومِهِم أنِ انْصِبُوا إلى مَجَالِسِهِم الَّتي كانوا يَجْلِسون فيها أنصَابًا، وسَمُّوها بأسمَائِهِم، فَفَعَلُوا، ولم تُعْبَد، حتَّى إِذَا هَلَك أُولئك ونُسِيَ العلم عُبِدت".
[صحيح] - [رواه البخاري]
المزيــد ...
အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ကုရ်အာန်ကျမ်းလာ အာယတ်တော်ဖြစ်သော (၎င်းပြင် ထို ကျွန်တော်မျိုး၏ အမျိုးသားတို့သည် (လက်အောက်ငယ်သားလူ့ဗာလတို့အား ဤသို့) ပြောဆိုခဲ့ကြပါသည်။ (အချင်းတို့၊) အသင်တို့သည် မိမိတို့၏ ကိုးကွယ်ရာများကို စွန့်ပယ်၍ အလျှင်း မထားကြကုန်လင့်။၎င်းပြင် အသင်တို့သည် “ဝဒ္ဒ်”ဆင်းတုကိုလည်း အလျှင်း မစွန့်ပယ်ကြကုန်လင့်၊ “ဆုဝါအ်”ဆင်းတုကိုလည်း စွန့်ပယ်ခြင်းမပြုကြကုန်လင့်၊ထိုမှတစ်ပါး“ယဂူဆ်”ဆင်းတုကိုလည်းကောင်း၊“ယအူက်”ဆင်းတုကိုလည်းကောင်း၊ “နတ်စ်ရ်”ဆင်းတုကိုလည်းကောင်း၊ စွန့်ပယ်ခြင်းကိုမပြုကြကုန်လင့်။) (ကုရ်အာန် ၇၁း၂၃) ဟူသောအာယတ်နှင့်ပတ်သက်၍ မိန့်ကြားသည်မှာ ဤသည် တမန်တော်နူးဟ် (အလိုင်ဟိစ္စလာမ်) ခေတ်၌ရှိသော သူတော်စင်ကြီးများ၏အမည်များ ဖြစ်ကြသည်။ ၎င်းတို့သေဆုံးကွယ်လွန်သွားကြသောအခါ ရှိုင်သွာန်က ထိုသူတော်စင်ကြီးများ၏ မျိုးနွယ်များဆီသို့ ရောက်လာပြီး အသင်တို့သည် ၎င်းတို့ ထိုင်ခဲ့ကြသော နေရာများ၌ ရုပ်တုဆင်းတုများ ထုလုပ်ပြီး ထိုရုပ်တုများအား ၎င်းတို့၏ အမည်ဖြင့် အမည်ပေးကြလော့ဟု ပြောကြားရာ ၎င်းတို့ကလည်း ဤနည်းအတိုင်းပင် ပြုလုပ်ခဲ့ကြသည်။ ထိုအချိန်ထိ ၎င်းရုပ်တုများသည် ကိုးကွယ်ခြင်းမခံရသေးပေ။ တစ်ဖန် ယင်းသူတို့ သေဆုံးကွယ်လွန်သွားကြပြီး စစ်မှန်သည့် သာသနာ့ပညာလည်း မေ့ပျောက်သွားသောအခါ (နောင်လာနောက်သားတို့ခေတ်တွင်) ထိုရုပ်တုများသည် ကိုးကွယ်ခြင်းခံရလေသည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်း။]
အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဤအာယတ်တော်နှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်မှာ အလ္လာဟ်အရှင်မြတ် ဖော်ပြထားသော ထိုကိုးကွယ်ရာများသည် (နူးဟ် (အလိုင်ဟိစ္စလာမ်)က မိမိ၏ အွမ္မသ်နောက်လိုက်သားများအား ထိုရုပ်တုများကို အလ္လာဟ်အရှင်မြတ်နှင့် ဖက်စပ်ကိုးကွယ်ခြင်းမှ တားမြစ်ပြီးနောက်တွင်လည်း ယင်းနောက်လိုက်သားများသည် ထိုရုပ်တုများကို စဥ်ဆက်မပျက် ကိုးကွယ်ကြရန် အချင်းချင်း မှာကြားကြသည်။) အမှန်တကယ်တွင် ၎င်းတို့အနက်မှ သူတော်စင်များ၏ အမည်နာမများသာ ဖြစ်ကြသည်။ ၎င်းတို့သည် ရှိုင်သွာန်၏လှည့်စားမှုကြောင့် ထိုသူတော်စင်များအား အကြည်ညို လွန်ကဲ၍ ၎င်းတို့၏ ပုံစံဖြင့် ရုပ်ပုံများပြုလုပ်လာကြသည်။ ဤရုပ်ပုံများသည် အလ္လာဟ်အရှင်မြတ်မှအပ ကိုးကွယ်ခြင်းခံရသော ရုပ်တုများအဆင့်သို့ ရောက်ရှိသွားသည်။