عَنْ مُعَاذِ بْنِ جَبَلٍ رَضِيَ اللهُ عَنْهُ قَالَ: قُلْت يَا رَسُولَ اللَّهِ! أَخْبِرْنِي بِعَمَلٍ يُدْخِلُنِي الجَنَّةَ وَيُبَاعِدْنِي مِنْ النَّارِ، قَالَ:
«لَقَدْ سَأَلْتَ عَنْ عَظِيمٍ، وَإِنَّهُ لَيَسِيرٌ عَلَى مَنْ يَسَّرَهُ اللَّهُ عَلَيْهِ: تَعْبُدُ اللَّهَ لَا تُشْرِكُ بِهِ شَيْئًا، وَتُقِيمُ الصَّلَاةَ، وَتُؤْتِي الزَّكَاةَ، وَتَصُومُ رَمَضَانَ، وَتَحُجُّ البَيْتَ، ثُمَّ قَالَ: أَلَا أَدُلُّكَ عَلَى أَبْوَابِ الخَيْرِ، الصَّوْمُ جُنَّةٌ، وَالصَّدَقَةُ تُطْفِئُ الْخَطِيئَةَ كَمَا يُطْفِئُ المَاءُ النَّارَ، وَصَلَاةُ الرَّجُلِ مِنْ جَوْفِ اللَّيْلِ، ثُمَّ تَلَا: {تَتَجَافَى جُنُوبُهُمْ عَنِ الْمَضَاجِعِ} حَتَّى {بَلَغَ يَعْمَلُونَ}، ثُمَّ قَالَ: أَلَا أُخْبِرُك بِرَأْسِ الأَمْرِ وَعَمُودِهِ وَذِرْوَةِ سَنَامِهِ، فَقُلْتُ: بَلَى يَا رَسُولَ اللَّهِ، قَالَ: رَأْسُ الأَمْرِ الإِسْلَامُ، وَعَمُودُهُ الصَّلَاةُ، وَذِرْوَةُ سَنَامِهِ الجِهَادُ، ثُمَّ قَالَ: أَلَا أُخْبِرُك بِمِلَاكِ ذَلِكَ كُلِّهِ، فقُلْت: بَلَى يَا رَسُولَ اللَّه! فَأَخَذَ بِلِسَانِهِ وَقَالَ: كُفَّ عَلَيْك هَذَا، قُلْت: يَا نَبِيَّ اللَّهِ! وَإِنَّا لَمُؤَاخَذُونَ بِمَا نَتَكَلَّمُ بِهِ، فَقَالَ: ثَكِلَتْكَ أُمُّكَ وَهَلْ يَكُبُّ النَّاسَ عَلَى وُجُوهِهِمْ أَوْ قَالَ عَلَى مَنَاخِرِهِمْ إلَّا حَصَائِدُ أَلسِنَتِهِمْ»!
[صحيح] - [رواه الترمذي] - [الأربعون النووية: 29]
المزيــد ...
မုအားဇ် ဗင်န် ဂျဗလ် ( ရဿွိယလ္လာဟု အန်ဟု )ကဆင့်ပြန်ပြောကြားခဲ့သည်မှာ - ကျွန်ုပ်သည် တမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) ထံ ( ဤသို့ လျှောက်ထားခဲ့၏ ) အို- အလ္လာဟ်အရှင်မြတ်ရဲ့ ရစူလ်၊ ကျွန်တော်မျိုးအား အမလ်တစ်ခုကို တင်ပြတော်မူပါ။ ( အလ္လာဟ်အရှင်မြတ်သည် ထိုအမလ်ဖြင့် ) ကျွန်တော်မျိုးအား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေပြီး၊ ဂျဟန္နမ်ငရဲမီးမှ ဝေးကွာစေတော်မူပေမည်။
တမန်တော်မြတ် ﷺ က မိန့်ကြားတော်မူသည်။
" အသင်သည် အလွန်ကြီးကျယ်သော အရာတစ်ခုကို မေးမြန်းခဲ့သည်။ မုချဧကန် ထိုအမှုကိစ္စသည် အလ္လာဟ်အရှင်မြတ်က လွယ်ကူစေတော်မူသောသူအတွက် လွယ်ကူသည်။ ( ၎င်းမှာ ) အသင်သည် အလ္လာဟ်အရှင်မြတ်အား အိဗာဒသ်ခဝပ်ကိုးကွယ်ပါ။ ထိုအရှင်မြတ်နှင့် တစ်စုံတစ်ရာကို တွဲဖက်ယှဉ်တွဲကိုးကွယ်ခြင်း မပြုလုပ်နှင့်။ ဆွလာသ်ဝတ်ပြုပါ။ ဇကာသ်ပေးဆောင်ပါ။ ရမဿွာန်လ၏ ဆွိယာမ်ဥပုသ်သီလကို စောင့်ထိန်းပါ။ ထို့ပြင် ကအ်ဗာဟ်ကျောင်းတော်သို့ ( သွားရောက်၍ )ဟဂျ်ပြုလုပ်ပါ။
ထို့နောက် တမန်တော်မြတ် ﷺ က ဆက်လက်၍ မိန့်ကြားတော်မူသည်- "ငါကိုယ်တော် အသင့်အား အကောင်းမြတ်ဆုံးသော ( အမလ်ကျင့်ဆောင်မှုများ၏ ) တံခါးများကို မပြသရဘူးလော။ (ယင်းတို့မှာ) ဆွိယာမ် ဥပုသ်စောင့်ထိန်းခြင်းသည် (အပြစ်ဒဏ်မှ ကာကွယ်ပေးသော) ဒိုင်းလွှာတစ်ခုပင် ဖြစ်သည်။ ဆွဒကဟ်အလှူဒါနသည် ရေက မီးကို ငြိမ်းသတ်သကဲ့သို့ပင် (သင့်၏) အပြစ်ဒဏ်များကို ငြိမ်းသတ်ပေးသည်။ ထို့ပြင် လူတစ်ဦးသည် ညဉ့်ဝက် (တစ်ဝက်ကျော်) အချိန်တွင် သဟဒ်ဂျွဒ်ဆွလာသ်ဝတ်ပြုခြင်းပင် ဖြစ်သည်"။
ထို့နောက် တမန်တော်မြတ် ﷺ သည် (ကုရ်အာန်ကျမ်းတော်မြတ်မှ "تَتَجَافَىٰ جُنُوبُهُمْ عَنِ الْمَضَاجِعِ" မှ "يَعْمَلُونَ" အထိ ဤအာယာသ်တော်များကို ရွတ်ဖတ်သရဇ္ဈာယ်တော်မူခဲ့သည်- ( အာယသ်တော်များ၏ အဓိပ္ပါယ် ) (ထိုသူတို့၏ နံဘေးများသည် အိပ်ရာများမှ (ဝတ်ပြုရန် ထကာ) ခွါခွာနေကြ၏။ ထိုသူတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ရိုကျိုးစွာဖြင့် လည်းကောင်း၊ မျှော်လင့်ချက်ထားရှိစွာဖြင့် လည်းကောင်း၊ ဟစ်ခေါ်တသ အသနားခံဝင် ပန်ကြားကြ၏။ ထိုမျှမက ငါအရှင်မြတ်က ထိုသူတို့အား ချီးမြှင့်ပေးသနားတော်မူသော ဥစ္စာပစ္စည်းများမှ (အရှင်မြတ်၏လမ်းတော်၌) စွန့်လှူဒါန်းကြ၏။ ထို့ပြင် မည်သူတစ်ဦးတစ်ယောက်မျှ မသိရှိကြသော ထိုသူတို့အတွက် မျက်စိအေးချမ်းသာစရာ ပြုလုပ်ပေးသနားတော်မူခြင်းကို ခံကြရမည်ဖြစ်၏။ ထိုသို့ဖြစ်ခြင်းသည် ထိုသူတို့ ပြုမူဆောင်ရွက်ခဲ့ကြသော (ကောင်းမှုကုသိုလ်)တို့၏ အစားဆုလာဘ်ပင် ဖြစ်တော်မူ၏")။
ထို့နောက် တမန်တော်မြတ် ﷺ က ဆက်လက်၍ မိန့်ကြားတော်မူသည်- "ကြီးကျယ်လှသောအရာ၏ ဦးခေါင်း ( အခြေခံအုတ်မြစ် )၊ ၎င်း၏ ကျောထောက်နောက်ခံနှင့် ၎င်း၏ အမြင့်ဆုံးအဆင့်ကို သင့်အား မပြောပြရဘူးလော"။
ကျွန်တော်က (လျှောက်ထားခဲ့သည်-) အို- အလ္လာဟ်အရှင်မြတ်၏ တမန်တော်၊ အဘယ်ကြောင့် မပြောပြရမည်နည်း (ဧကန်မုချ ပြောပြပါရန်)
တမန်တော်မြတ် (ﷺ) မိန့်ကြားတော်မူသည်မှာ- “ထိုကြီးကျယ်လှသော အရာ၏ ဦးခေါင်းသည် အစ္စလာမ် ဖြစ်သည်။ ထိုအရာ၏ ကျောထောက်နောက်ခံသည် ‘ဆွလားသ်’ ဖြစ်သည်။ ထိုအရာ၏ အမြင့်ဆုံးအဆင့်သည် ‘ဂျိဟားဒ်’ ဖြစ်သည်”။
ထို့နောက် တမန်တော်မြတ် ﷺ က ဆက်လက်၍ မိန့်ကြားတော်မူသည်- "ထိုအရာများအားလုံး၏ အချုပ်အချာကျသော အကြောင်းရင်းကို သင့်အား မပြောပြရမည်လော"။
ကျွန်တော်က (လျှောက်ထားခဲ့သည်-) အို- အလ္လာဟ်အရှင်မြတ်၏ တမန်တော်၊ အဘယ်ကြောင့် မပြောပြရမည်နည်း (ဧကန်မုချ ပြောပြပါရန်)
ထိုအခါ တမန်တော်မြတ် ﷺ သည် မိမိ၏ လျှာကို ကိုင်တွယ်ပြသတော်မူပြီး မိန့်ကြားတော်မူသည်- "အသင် ဤ(နုတ်လျှာ)ကို ထိန်းသိမ်းပါလော"ဟုမိန့်ကြား၏။
ကျွန်တော်က (လျှောက်ထားခဲ့သည်-) အို- အလ္လာဟ်အရှင်မြတ်၏ တမန်တော်၊ ကျွန်တော်မျိုးတို့သည် မိမိတို့ ပြောဆိုသမျှအတွက် အရေးယူခံရပါမည်လား။ ထိုအခါ တမန်တော်မြတ် ﷺ က မိန့်ကြားတော်မူသည်- "အို- မုအာဇ်၊ သင့်အပေါ် သင်၏မိခင်သည် ငိုကြွေးရပါစေ။ လူသားများအား ငရဲထဲသို့ မျက်နှာဖုံးလျက် (သို့မဟုတ် နှာခေါင်းများဖြင့် ဆွဲငင်ခြင်းခံရလျက်) ပစ်ချခြင်းကို ခံကြရမည်မှာ ၎င်းတို့၏ လျှာများ (မှ ထွက်ဆိုလိုက်သော စကားများ)၏ ရှုံ့ချပြောဆိုမှုကြောင့်သာ မဟုတ်ပါလော"။
[صحيح] - [رواه الترمذي] - [الأربعون النووية - 29]
____