အမျိုးအစား:
عَنْ أَنَسِ بْنِ مَالِكٍ رضي الله عنه قَالَ:

سَمِعْتُ رَسُولَ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يَقُولُ: «قَالَ اللَّهُ تَبَارَكَ وَتَعَالَى: يَا ابْنَ آدَمَ إِنَّكَ مَا دَعَوْتَنِي وَرَجَوْتَنِي غَفَرْتُ لَكَ عَلَى مَا كَانَ فِيكَ وَلاَ أُبَالِي، يَا ابْنَ آدَمَ لَوْ بَلَغَتْ ذُنُوبُكَ عَنَانَ السَّمَاءِ ثُمَّ اسْتَغْفَرْتَنِي غَفَرْتُ لَكَ، وَلاَ أُبَالِي، يَا ابْنَ آدَمَ إِنَّكَ لَوْ أَتَيْتَنِي بِقُرَابِ الأَرْضِ خَطَايَا ثُمَّ لَقِيتَنِي لاَ تُشْرِكُ بِي شَيْئًا لأَتَيْتُكَ بِقُرَابِهَا مَغْفِرَةً».
[حسن] - [رواه الترمذي] - [سنن الترمذي: 3540]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အနတ်စ်ဗင်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်သည်။
ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကြားသိရသည်မှာ - အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ အို - အာဒမ်၏သားမြေး အသင်သည် ငါအရှင့်ထံတော်တွင် ဆုတောင်းနေသမျှကာလပတ်လုံး၊ ငါအရှင့်ထံမျှော်လင့်တောင်းတနေသမျှကာလပတ်လုံး ငါအရှင်သည် အသင့်ထံတွင်ရှိသော (မည်သည့်ပြစ်မှုကိုမျှ) ဂရုမစိုက်ဘဲ ပြစ်မှုအားလုံးကို ခွင့်လွှတ်တော်မူမည်။ အို - အာဒမ်၏သားမြေးအကယ်၍ အသင်၏အကုသိုလ်များသည်(အလွန်များသောကြောင့်) မိုးကောင်းကင်နှင့်အညီမြင့်မားသွားခဲ့ပြီးနောက် အသင်သည် ငါအရှင့်ထံတော်ပါးတွင် ခွင့်လွှတ်ချမ်းသာတောင်းခံခဲ့ပါက ငါအရှင်မြတ်သည် (မည်သည့်ပြစ်မှုကိုမျှ) ဂရုမစိုက်ဘဲအသင့်အား ခွင့်လွှတ်တော်မည်ဖြစ်သည်။ အို - အာဒမ်၏သားမြေး အကယ်၍အသင်သည် မြေပထဝီနှင့်အညီအကုသိုလ်များကျူးလွန်၍ငါအရှင့်ထံတော်ပါးသို့လာခဲ့ပြီး ငါအရှင်နှင့် ရှိရ်က်တုဖက်ယှဉ်တွဲကိုးကွယ်ခြင်းလည်းမပြုဘဲ ငါအရှင်မြတ်နှင့် တွေ့ဆုံခဲ့လျင် ငါအရှင်မြတ်သည် မြေပထဝီနှင့်အမျှခွင့်လွှတ်မှုကို အသင့်ထံယူလာမည်ဖြစ်သည်။(ဆိုလိုသည်မှာ ခွင့်လွှတ်ပေးမည်ဖြစ်သည်။)

[حسن] - [رواه الترمذي] - [سنن الترمذي - 3540]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားထားသည်မှာ - အလ္လာဟ်အရှင်မြတ်သည် ဟဒီးဆ်ကုဒ်ဆီ၌အမိန့်ရှိတော်မူသည် အို - လူသား အသင်သည် ငါအရှင့်ထံတော်တွင် ဆုတောင်းနေသမျှကာလပတ်လုံး၊ ‌ငါအရှင်မြတ်၏ကရုဏာတော်ကိုမျှော်လင့်ချက်မကင်းဘဲ မျှော်လင့်ချက်ထားနေသမျှကာလပတ်လုံး ငါအရှင်သည် အသင့်အကုသိုလ်များကို ပြစ်မှုကြီးပင်ဖြစ်လင့်ကစား ဂရုမစိုက်ဘဲ ဖုံးကွယ်ထား၍ပယ် ဖျက်‌ပေးတော်မူ‌ပေမည်။ အို - အာဒမ်၏သားမြေး အကယ်၍ အသင်၏အကုသိုလ်များသည် အလွန်များသောကြောင့် မိုးကောင်းကင်နှင့်‌ မြေပထဝီ၏ကြားပြည့်လျှံသွားပြီး မြေပထဝီ၏နေရာအနှံ့အပြားသို့ရောက်ရှိသွားလောက်သည့်အထိအကုသိုလ်များ အလွန်များနေလျှင်လည်း အသင်သည် ငါအရှင့်ထံတော်ပါးတွင် ခွင့်လွှတ်ချမ်းသာတောင်းခံခဲ့ပါက ငါအရှင်မြတ်သည် ပြစ်မှုများ အလွန်များနေခြင်းကို ဂရုမစိုက်ဘဲအသင့်အား ခွင့်လွှတ်ချမ်းသာပေးတော်မည်ဖြစ်သည်။
အို - အာဒမ်၏သားမြေး အကယ်၍အသင်သည် သေဆုံးကွယ်လွန်ပြီးနောက် ငါအရှင့်ထံတော်ပါးသို့မြေပထဝီနှင့်အညီအကုသိုလ်များဖြင့်ရောက်လာခဲ့ပြီး တဖန် ငါအရှင်နှင့် ရှိရ်က်တုဖက်ယှဉ်တွဲကိုးကွယ်ခြင်းလည်းမပြုဘဲ ငါအရှင်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်သောသူအဖြစ်ကွယ်လွန်သွားခဲ့ပါက ငါအရှင်မြတ်သည် ယင်းမြေပထဝီနှင့်အမျှပြည့်လျှံနေသော အကုသိုလ်များကို မြေပထဝီနှင့်အမျှပြည့်လျှံ‌နေသောခွင့်လွှတ်မှု‌ဖြင့် ဖလှယ်‌ပေးမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ငါအရှင်မြတ်သည် အလွန်တရာခွင့်လွှတ်တော်မူသောအရှင်ဖြစ်ပြီး ငါအရှင်သည် ရှိရ်က်မှအပ အပြစ်အကုသိုလ်အားလုံးကို ခွင့်လွှတ်တော်မူ‌ပေမည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အလ္လာဟ်အရှင်မြတ်၏ကျယ်ဝန်းလှ‌သောကရုဏာတော်၊ အရှင်မြတ်၏ခွင့်လွှတ်မှု၊ အရှင်မြတ်၏ကျေးဇူးတော်တို့ကို သိရှိရသည်။
  2. သောင်ဝ်ဟီးဒ်အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်း၏ထွတ်မြတ်မှုနှင့် ဧကန်မှချ အလ္လာဟ်အရှင်မြတ်သည် သောင်ဝ်ဟီးဒ်အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်သူတို့၏အပြစ်အကုသိုလ်တို့ကို ခွင့်လွှတ်တော်မှုခြင်းကို ဖော်ပြထားပေသည်။
  3. ရှိရ်က်၏အန္တရာယ်နှင့်အလ္လာဟ်အရှင်မြတ်သည် ရှိရ်က်ပြုလုပ်သူတို့အား ခွင့်လွှတ်တော်မူမည်မဟုတ်ကြောင်းပါရှိသည်။
  4. အိဗ်နုရဂျဗ်က အမိန့်ရှိသည်မှာ ဤဟဒီးဆ်တော်၌အပြစ်အကုသိုလ်များမှခွင့်လွှတ်မှုကို ရရှိမည့်အကြောင်းတရားသုံးခုပါရှိသည်။ ၎င်းတို့မှာ (၁) မျှော်လင့်ချက်နှင့်တကွအရှင်မြတ်ထံဆုတောင်းခြင်း၊ (၂) အပြစ်အကုသိုလ်များအားခွင့်လွှတ်ပေးရန်တောင်းခံခြင်း၊ သောင်ဝ်ဗဟ်အမှားဝန်ချတောင်းပန်ခြင်း၊ (၃) သောင်ဝ်ဟီးဒ်အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်လျက်သေဆုံးကွယ်လွန်ခြင်းတို့ဖြစ်သည်။
  5. ဤဟဒီးဆ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှဆင့်ပြန်သော ဟဒီးဆ်တော်ဖြစ်သည်။ ယင်းဟဒီးဆ်ကို ဟဒီးဆ်ကုဒ်ဆီ သို့မဟုတ် ဟဒီးဆ်အိလာဟီ ဟုလည်းခေါ်သည်။ ယင်းဟဒီးဆ်တော်၏စကားလုံးနှင့်အဓိပ္ပာယ်မှာ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှဖြစ် သော်လည်း အခြားအရာများထက်တမူထူးခြားသောကျမ်းတော်မြတ်ကုရ်အာန်၏ဂုဏ်ထူးဝိသေသများမပါရှိ‌ပေ။ ကျမ်းတော်မြတ်ကုရ်အာန်၏ဂုဏ်ထူးဝိသေသများအနက်အချို့မှာ ယင်းကျမ်းတော််မြတ်ကို သိလာဝဟ်လုပ်ခြင်းသည် အိဗာဒဟ်အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်မှုဖြစ်ခြင်း၊ ယင်းကျမ်းတော်မြတ်ကို ကိုင်တွယ်ဖတ်ရွတ်ရန် သန့်ပြန့်မှုရှိရန်လိုအပ်ခြင်း၊ မည်သူမဆိုကျမ်းတော်မြတ်ကုရ်အာန်ကဲ့သို့ ကျမ်းစာတစ်စောင်ယူစောင်လာ၍ယှဉ်ပြိုင်ရန်ဖိတ်ခေါ်ထားခြင်း၊ ကျမ်းတော်မြတ်ကုရ်အာန်သည် ‘မုအ်ဂျိဇဟ်’ မည်သူမျှမယှဉ်ပြိုင်နိုင်သည့်ကျမ်းစာဖြစ်ခြင်းစသည်တို့အပြင် အခြားဝိသေသများလည်းရှိသေးသည်။
  6. အပြစ်အကုသိုလ်များသည် သုံးမျိုးရှိသည်။ (၁) အလ္လာဟ်အရှင်မြတ်နှင့်ရှိရ်က်တုဖက်နှိုင်းယှဉ်ခြင်း။ ဤပြစ်မှုကို အလ္လာဟ်အရှင်မြတ်က ခွင့်လွှတ်တော်မူမည်မဟုတ်ပေ။ အရှင်မြတ်မိန်တော်မူသည်မှာ ‘စင်စစ်ဧကန် မည်သူမဆို (တစ်စုံတစ်ရာကို) အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက် (ကိုးကွယ်) ပါလျှင် အလ္လာဟ်အရှင်မြတ်သည် ထို (ကဲ့သို့သော) သူ၏အဖို့ ‘ဂျန္နတ်’ အမတသုခဘုံကို မုချဧကန် ပိတ်ပင် ထားတော်မူအံ့။’ (၂) လူသားသည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ကို မနာခံဘဲ အပြစ်အကုသိုလ်များကို ကျူးလွန်၍မိမိကိုယ်မိမိညှဉ်းပန်းနှိပ်ဆက်ခြင်း။ ဤပြစ်မှုအား အရှင်မြတ်ကအလိုရှိပါက ခွင့်လွှတ်ချမ်းသာပေးသနားတော်မူပေမည်။ (၃) အလ္လာဟ်အရှင်မြတ်က မည်သည့်အခါမျှလွှတ်ပေးမည်မဟုတ်သောအကုသိုလ်။ ဤသည်လူသားအချင်းချင်းတစ်ဦးကိုတစ်ဦး မတရားသဖြင့်ကျူးလွန်ထားသောပြစ်မှုဖြစ်‌သောကြောင့် (ကျူးလွန်သူအား မတရားပြုခံရသူဘက်မှ ခွင့်လွှတ်‌ပေးရန် သို့မဟုတ်) လက်စား‌ချေရန် အ‌ရေးကြီးသည်။
الملاحظة
الذنوب ثلاثة أنواع: الأول: الشرك بالله؛ وهذا لا يغفره الله، قال الله عز وجل: {إنه من يشرك بالله فقد حرم الله عليه الجنة}، الثاني: ظلم العبد نفسه فيما بينه وبين ربه من ذنوب ومعاصي؛ فإن الله عز وجل يغفر ذلك، ويتجاوز إن شاء، الثالث: ذنوب لا يترك الله منها شيئًا؛ وهي ظلم العباد بعضهم بعضًا، فلا بد من القصاص.
لاشيء
النص المقترح لا يوجد...
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (58)
အမျိုးအစားများ
ထပ်၍