အမျိုးအစား:
عن أَبِي مُوسَى الأَشْعَرِيِّ رضي الله عنه: أَنَّ رَسُولَ اللهِ صلى الله عليه وسلم قَالَ:

«مَنْ صَلَّى ‌الْبَرْدَيْنِ دَخَلَ الْجَنَّةَ»
[صحيح] - [متفق عليه] - [صحيح البخاري: 574]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူမူစာ အရှ်အရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အကြင်မည်သူမဆို အေးမြသော ဆွလာသ်နှစ်ကြိမ် ( ဖဂျရ်နှင့်အစွရ်)ကို ဝတ်ပြုပါက ဂျန္နသ်သို့ ဝင်ရောက်ရမည်ဖြစ်သည်။

الملاحظة
Qyqywhwhwh
النص المقترح عن أَبِي مُوسَى الأَشْعَرِيِّ رضي الله عنه: أَنَّ رَسُولَ اللهِ صلى الله عليه وسلم قَالَ:«مَنْ صَلَّى ‌الْبَرْدَيْنِ دَخَلَ الْجَنَّةَ»

[صحيح] - [متفق عليه] - [صحيح البخاري - 574]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဆွလာသုလ်ဘရ်ဒိုင်းန်ဟု ခေါ်သည့် ဖဂျ်ရ်နှင့် အစွရ်ဆွလာသ်ကို အထူးအလေးထားရန် တိုက်တွန်းနှိုးဆော်ထားပြီး၊ ထိုဆွလာသ်နှစ်ခုကို ၎င်းတို့၏ အချိန်တွင်၊ ဂျမာသ်နှင့်အတူ ဝတ်ပြုသူအား ဂျန္နသ်သုခဘုံ၏ ဝမ်းမြောက်ဖွယ်သတင်းကို ပေးအပ်ခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဖဂျရ်နှင့် အစွရ်ဆွလာသ်များကို အချိန်မှန်ဝတ်ပြုခြင်း၏ မွန်မြတ်မှုကို (တင်ပြထားသည်)။ အဘယ်ကြောင့်ဆိုသော် ဖဂျရ်ဆွလာသ်သည် အိပ်ခြင်း၏ ချိုမြိန်မှုကာလ ( နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေချိန်)တွင် ဝတ်ပြုရခြင်းကြောင့်ဖြစ်ပြီး အစွရ်ဆွလာသ်မှာ လူသားသည် အလုပ်ကိစ္စများနှင့်လုံးပန်း‌နေရချိန်တွင် ဝတ်ပြုရခြင်းကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ ထိုဆွလာသ်နှစ်ခုကို အချိန်မှန်ဝတ်ပြုသူသည် အခြားဆွလာသ်များကို ပို၍ပင် အချိန်မှန်ဝတ်ပြုနိုင်မည်ဖြစ်သည်။
  2. ဖဂျရ်နှင့် အစွရ်ဆွလာသ်နှစ်ခုကို "အလ်ဘရ်ဒိုင်းန်" (အေးမြသော ဆွလာသ်နှစ်ခု) ဟုခေါ်ဆိုရခြင်းမှာ ဖဂျရ်ဆွလာသ်သည် ညအချိန်၏အေးမြမှုတွင် ကျရောက်ပြီး အစွရ်ဆွလာသ်သည် နေ့အချိန်၏အေးမြမှုတွင် ကျရောက်သောကြောင့်ဖြစ်သည်။ သို့ရာတွင် အစွရ်ဆွလာသ်သည် ပူပြင်းသည့်အချိန်တွင် ကျရောက်သော်လည်း ၎င်းမတိုင်မှီအချိန်နှင့်နှိုင်းယှဉ်ပါက အပူချိန်ပို၍ လျော့နည်းသည့်အချိန်ဖြစ်သည်။ သို့မဟုတ် ထိုဆွလာသ်နှစ်ခုကို "အလ်ဘရ်ဒိုင်းန်" ဟုခေါ်ဆိုရခြင်းမှာ "တဂ်လီဘ်" (တစ်စုံတစ်ရာကို အခြားတစ်ခုထက်သာလွန်အောင် ပြုလုပ်ခြင်း) ပုံစံမျိုးဖြစ်သည်။ ဥပမာအားဖြင့် "အလ်ကမရားန်" (လနှစ်စင်း) ဟုခေါ်ဆိုရာတွင် နေနှင့်လကို ရည်ညွှန်းသကဲ့သို့ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (56)
အမျိုးအစားများ
ထပ်၍