«أَلَا أَدُلُّكُمْ عَلَى مَا يَمْحُو اللهُ بِهِ الْخَطَايَا، وَيَرْفَعُ بِهِ الدَّرَجَاتِ؟» قَالُوا بَلَى يَا رَسُولَ اللهِ قَالَ: «إِسْبَاغُ الْوُضُوءِ عَلَى الْمَكَارِهِ، وَكَثْرَةُ الْخُطَا إِلَى الْمَسَاجِدِ، وَانْتِظَارُ الصَّلَاةِ بَعْدَ الصَّلَاةِ، فَذَلِكُمُ الرِّبَاطُ».
[صحيح] - [رواه مسلم] - [صحيح مسلم: 251]
المزيــد ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ငါကိုယ်တော် အသင်တို့အား အလ္လာဟ်အရှင်မြတ်က အပြစ်များကိုပယ်ဖျက်ပေးပြီး၊ အဆင့်အတန်းများကို မြှင့်တင်ပေးသောအရာကို မညွှန်ပြရဘူးလား။စွဟာဗဟ်များက အို - အလ္လာဟ်ရဲ့ ရစူလ်တမန်တော် အမှန်ပင် ညွှန်ပြပေးတော်မူပါဟု လျှောက်ထားကြ၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ - မနှစ်မြို့ဖွယ် ( ခက်ခဲသည့် )အခြေအနေများတွင်လည်း ဝူဿွူကို သေချာကျနစွာ ပြုလုပ်ခြင်း၊ ဗလီဝတ်ကျောင်းတော်များသို့ ခြေလှမ်းများစွာ လှမ်းခြင်း၊ ဆွလာသ်တစ်ကြိမ် (ဝတ်ပြု)ပြီးနောက် နောက်ထပ်ဆွလာသ်အတွက် (မိမိ၏ဝတ်ပြုရာနေရာ၌ပင်) စောင့်ဆိုင်းနေခြင်းတို့ဖြစ်သည်။ ဤသည် ရိဗာသ်ွ (စစ်မျက်နှာတွင် ရန်သူကို စောင့်ကြပ်ခြင်းကဲ့သို့ အဆင့်အတန်းရရှိသည့် အမလ်ကောင်းမှု )ဖြစ်သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် စွဟာဗဟ်တို့အား အပြစ်များကို လွတ်ငြိမ်းချမ်းသာခွင့်ရစေပြီး၊ မလာအိကဟ်ကောင်းကင်တမန်များ၏ (မှတ်တမ်း) စာအုပ်များမှ ပပျောက်စေကာ၊ ဂျန္နတ်သုခဘုံ၌ မြင့်မြတ်သော နေရာအဆင့်အတန်းများကို ရရှိစေသည့် အမလ်များကို ညွှန်ပြရမည်လော မေးမြန်းတော်မူခဲ့သည်။
စွဟာဗဟ်များက- ဟုတ်ကဲ့၊ ကျွန်တော်မျိုးတို့သည် ထိုသို့သော အမလ်များကို လိုလားပါ၏ လျှောက်ထားကြ၏။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ-
ပထမအချက်- ခက်ခဲမှုရှိသော အခြေအနေများ ဥပမာ- ( ဆောင်းရာသီ၏ )အအေး၊ ရေရှားပါးမှု၊ ကိုယ်ခန္ဓာနာကျင်ကိုက်ခဲမှု၊ ရေပူဖြင့်ဆေးကြောရမှု စသည်တို့တွင် ဝူဿွူကို ပြည့်စုံစွာ၊ စနစ်တကျ ပြုလုပ်ခြင်း။
ဒုတိယအချက်- ခရီးဝေးသော
ကြောင့် ဗလီဝတ်ကျောင်းတော်များသို့ ခြေလှမ်းများစွာ လျှောက်ခြင်းနှင့် မကြာခဏ ထပ်ကာထပ်ကာ သွားရောက်ခြင်း။
တတိယအချက်- ဆွလာသ်ဝတ်ပြုချိန်ကို စောင့်ဆိုင်းခြင်း၊ စိတ်နှလုံးကို ဆွလာသ်ဝတ်ပြုမှုဖြင့် ချိတ်ဆက်ထားခြင်း၊ ဆွလာသ်အတွက် အသင့်ပြင်ဆင်ခြင်းနှင့် ဂျမာအသ်နှင့်အတူဝတ်ပြုရန်အတွက် ဗလီ၌ထိုင်ကာ စောင့်ဆိုင်းခြင်း၊ ထို့နောက် ဆွလာသ်တစ်ခုကို ဝတ်ပြုပြီးနောက် နောက်ထပ်ဆွလာသ်အတွက် မိမိ၏ဝတ်ပြုရာနေရာ၌ပင် စောင့်ဆိုင်းနေခြင်း။
ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဤအချက်များသည် ရိဗာသွ်အစစ်အမှန် (စစ်မျက်နှာတွင် ရန်သူကို စောင့်ကြပ်ခြင်း) ဖြစ်ကြောင်း ရှင်းလင်းမိန့်ကြားတော်မူသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချက်များသည် နဖ်စ်(စိတ်နှလုံးသား)ပေါ်သို့ ( လွှမ်းမိုးနိုင်သည့် )ရှိုင်တွာန်၏လမ်းကြောင်းများကို ပိတ်ဆို့ပေးပြီး၊ မိမိ၏စိတ်ဆန္ဒကို နှိမ်နင်းကာ၊ စိတ်ထဲဖြစ်ပေါ်လာသော မကောင်းသောအတွေးများကို လက်ခံခြင်းမှ တားဆီးပေးသောကြောင့်ဖြစ်သည်။ ထိုသို့အားဖြင့် အလ္လာဟ်အရှင်မြတ်၏ အုပ်စုတပ်သားများသည် ရှိုင်တွာန်၏စစ်တပ်များကို အောင်နိုင်ကြသည်။ ထိုအရာသည် အကြီးမြတ်ဆုံးသော ဂျိဟာဒ်ပင်ဖြစ်သည်။ ထို့ကြောင့်ပင် ယင်းအမလ်ကောင်းမှုများသည် ရန်သူ၏စစ်မျက်နှာတွင် စောင့်ကြပ်နေခြင်း(ရိဗာသ်ွ)၏ အဆင့်အတန်းတွင်ရှိနေရခြင်းဖြစ်သည်။
كررت كلمة "e;الرباط"e; وعرفت ب(ال) التعريف؛ ذلك تعظيمٌ لشأن هذه الأعمال.تعليق الوعلان: قوله: فذلكم الرباط كررها في بعض الروايات كما في صحيح مسلم، وكما في بعض السنن، في بعض الروايات كررها مرتين، وفي بعضها ثلاثاً، وهنا ذكرها واحدة، والتكرار لا شك أنه يفيد التأكيد. فيحتاج التأكد من مسؤول الحديث، فإن ذكرها مكررة فتبقى الفائدة، وإلا تحذف