အမျိုးအစား:
عَنْ أَنَسِ بْنِ مَالِكٍ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:

«سَوُّوا صُفُوفَكُمْ، فَإِنَّ تَسْوِيَةَ الصَّفِّ مِنْ تَمَامِ الصَّلَاةِ».
[صحيح] - [متفق عليه] - [صحيح مسلم: 433]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အနတ်စ်ဗင်န်မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
အသင်တို့၏ဆွဖ်အတန်းများကို ညီညာစွာ စီတန်းကြကုန်။ ဧကန်အမှန်ပင် ဆွဖ်အတန်း ညီညာစွာစီတန်းခြင်းသည် ဆွလာသ်၏ ပြည့်စုံမှုအနက်မှပင်ဖြစ်သည်။

[صحيح] - [متفق عليه] - [صحيح مسلم - 433]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ် ဝတ်ပြုသူများအား ဆွဖ်အတန်းများညီညာစွာ စီတန်းကြရန်နှင့် တချို့က အရှေ့သို့ ထွက်နေခြင်း၊ တချို့က အနောက်သို့ ရောက်နေခြင်းမဖြစ်စေရန် အမိန့်ပေးတော်မူခဲ့သည်။ ဧကန်အမှန်ပင် ဆွဖ်အတန်းများ ညီညာစွာစီတန်းခြင်းသည် ဆွလာသ်၏ ပြည့်စုံမှုအနက်မှပင်ဖြစ်ပြီး ဆွဖ်အတန်းများ ကောက်နေခြင်းသည် ဆွလာသ်၌ ချို့ယွင်းချက်နှင့် မပြည့်စုံမှုပင်ဖြစ်သည်။

الملاحظة
اعو جاج
النص المقترح لا يوجد...

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဆွလာသ်ကို ပြည့်စုံစေမည့် ကိစ္စတိုင်းကို ဂရုစိုက်ရန်နှင့် ဆွလာသ်ကို လျော့နည်းစေမည့် ကိစ္စတိုင်းမှ ကင်းဝေးရန် ညွှန်ကြားထားသည်။
  2. ပညာသင်ကြားပေးရာ၌ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဟိက်မသ် တစ်ခုမှာ ကိုယ်တော်သည် ဥပဒေပြုရသည့် အခြေခံအကြောင်းအရင်းကို ရှင်းပြရန်နှင့် စိတ်နှလုံးသားများတွင် လိုက်နာချင်စိတ်ဖြစ်ပါ်စေရန်အတွက် အမိန့်ပညတ်ချက်တစ်ခုအား ၎င်း၏အကြောင်းပြချက်နှင့် တွဲ၍ဖော်ပြခဲ့သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (56)
အမျိုးအစားများ
ထပ်၍