ဟဒီးဆ်တော်များစာရင်း

1. နူးညံ့သိမ်မွေ့မှုမရှိသူသည် ကောင်းခြင်းဟူသ၍တို့မှလက်မဲ့ဖြစ်သွားပေသည်။ - 2 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
2. မှန်‌သောစကားကိုသာ‌ ပြောဆိုခြင်းအား လက်ကိုင်ထားရန်အသင်တို့အ‌ပေါ်၌တာဝန်ရှိသည်။ မှန်‌သောစကားကိုသာ‌ပြောဆိုခြင်းက ကောင်းမှုဘက်သို့ လမ်းပြ‌ပေးသည်။ ကောင်းမှုသည် ဂျန္နသ်ဘက်သို့ လမ်းပြ‌ပေးသည်။ - 2 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
3. ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ငရဲသားများအနက်မှ ပြစ်ဒဏ်အပေါ့ဆုံးသူကို ဤသိုမိန့်တော်မူမည်။ ကမ္ဘာပေါ်တွင်ရှိရှိသမျှအရာများအားလုံးကို အသင်ပိုင်ဆိုင်ပြီး ယင်းပိုင်ဆိုင်မှုအားလုံးနှင့်(ဤပြစ်ဒဏ်ကို လဲလှယ်၍)လျော်ကြေးပေးမည်‌လော။ ထိုအခါ ယင်းငရဲသားက လဲလှယ်ပါမည်ဟု ဖြေကြားလိမ့်မည်။
عربي အင်္ဂလိပ် အုရ်ဒူ
4. အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ ‘ကလိမဟ်’ စကားတော် မြင့်မားစေရန်အတွက် စစ်မက်တိုက်ခိုက်ခဲ့လျှင် ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် (တိုက်ခိုက်သူ) ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
5. အသင်တို့သည် ပိုးထည်၊ ချိတ်ပိုးထည်ကို မဝတ်ဆင်ကြနှင့်။ ရွှေခွက်များ၊ ငွေခွက်များဖြင့် မသောက်သုံးကြနှင့်။ ၎င်းတို့နှင့်ပြုလုပ်ထားသည့် ပန်းကန်များဖြင့် မစားကြနှင့်။ ထိုအရာများသည် လောက၌ ၎င်း(မယုံကြည်သူ)တို့ အတွက်ဖြစ်ပြီး နောင်တမလွန်၌ ကျွန်ုပ်တို့အတွက်ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
6. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က 'ကျွန်ုပ်၏စိတ်ထဲတွင် အသင်တို့အပေါ် စွပ်စွဲလို (သံသယရှိနေ )သောကြောင့် ကျိန်ဆိုစေခြင်းမဟုတ်ပါ။ သို့သော် ဂျီဗ်ရီလ် (အလိုင်ဟိစ်စလာမ်) သည် ကျွန်ုပ်ထံသို့ ရောက်ရှိလာပြီး အလ္လာဟ်အရှင်မြတ်သည် မလာအိကဟ်ကောင်းကင်တမန်များရှေ့တွင် အသင်တို့အပေါ်၌ ဂုဏ်ယူတော်မူကြောင်း ကျွန်ုပ်အား သတင်းပေးခဲ့ခြင်းကြောင့်( ကျိန်ဆိုခိုင်းရခြင်းဖြစ်သည် ) ဟု မိန့်ကြားတော်မူခဲ့သည်။
عربي အင်္ဂလိပ် အုရ်ဒူ
7. အသင်တို့၏ဆွဖ်အတန်းများကို ညီညာစွာ စီတန်းကြကုန်။ ဧကန်အမှန်ပင် ဆွဖ်အတန်း ညီညာစွာစီတန်းခြင်းသည် ဆွလာသ်၏ ပြည့်စုံမှုအနက်မှပင်ဖြစ်သည်။ - 2 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
8. မုအ်မင်န် တစ်ဦးသည် (မိမိဇနီးသည်) မုအ်မင်န် အမျိုးသမီးအား မမုန်းတီးရပေ။ အကယ်၍ သူသည် သူမ၏ အကျင့်စရိုက်တစ်ခုကို မကြိုက်ခဲ့လျှင် အခြားတစ်ခုဖြင့် ကျေနပ်လိုက်ရမည်။
عربي အင်္ဂလိပ် အုရ်ဒူ
9. အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့ အခင်းကြီးသွားသည့်အခါ ကိဗ်လဟ် (ကအ်ဗဟ်ကျောင်းတော်ရှိရာ)ဘက်သို့ မျက်နှာမမူကြနှင့် ကျောလည်းမပေးကြနှင့် သို့သော် အရှေ့အရပ် သို့မဟုတ် အနောက်အရပ်ဘက်သို့သာ လှည့်ကြပါ။
عربي အင်္ဂလိပ် အုရ်ဒူ
10. အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ကျင်ငယ်စွန့်သည့်အခါ မိမိ၏အရှက်အင်္ဂါကို ညာဘက်လက်ဖြင့် ထိကိုင်ခြင်းမပြုနှင့်။ အိမ်သာတက်သည့်အခါ ညာဘက်လက်ဖြင့် ပွတ်တိုက်ဆေးကြောသန့်စင်ခြင်း မပြုနှင့်။ ရေသောက်သည့်အခါ ရေခွက်ထဲသို့ အသက်ရှုထုတ်ခြင်းမပြုနှင့်။
عربي အင်္ဂလိပ် အုရ်ဒူ
11. အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်စတင်သည့်အခါ မိမိလက်နှစ်ဖက်ကို ပုခုံးနှစ်ဖက်နှင့် တစ်ပြေးတည်း မြှောက်တော်မူသည်။
عربي အင်္ဂလိပ် အုရ်ဒူ
12. ( اَللّٰهُمَّ بَاعِدْ بَيْنِيْ وَبَيْنَ خَطَايَايَ كَمَا بَاعَدْتَ بَيْنَ الْمَشْرِقِ وَالْمَغْرِبِ
عربي အင်္ဂလိပ် အုရ်ဒူ
13. ငါကိုယ်တော်သည် ဒဂ်ျဂျာလ်နှင့် ပတ်သက်သည့် အချက်တစ်ခုကို အသင်တို့အား မပြောပြရဘူးလား။ ယင်းကို မည်သည့်နဗီတမန်တော်မျှ မိမိတို့၏ အမျိုးသားများကို မပြောပြဖူးပေ။ ဧကန်အမှန်ပင် ဒဂ်ျဂျာလ်သည် မျက်စိတစ်ဖက်ကန်းနေသူဖြစ်သည်။ ၎င်းသည်မိမိနှင့်အတူ ဂျန္နသ်သုခဘုံနှင့် ဂျဟန္နမ်ငရဲမီးကဲ့သို့သာ အရာမျိုးကို ယူဆောင်လာလိမ့်မည်
عربي အင်္ဂလိပ် အုရ်ဒူ
14. ကောင်းသည့်အပါင်းအဖာ်နှင့် မကောင်းသည့် အပေါင်းအဖော်၏ပမာမှာ ကတိုးကို သယ်ဆောင်သူနှင့် ပန်းပဲဖိုးထိုးသူကဲ့သို့ပင်ဖြစ်သည် - 2 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
15. မှောင်မိုက်သော ညအစိတ်အပိုင်းကဲ့သို့ဖြစ်ပေါ်လာမည့် ဖိသ်နဟ်(စမ်းသပ်မှုများ) မတိုင်မီ အသင်တို့သည် ကောင်းမှုများကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြပါ - 6 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
16. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်ဆောက်တည်သည့်အခါ မိမိချိုင်းတော်နှစ်ဖက်၏ဖြူဖွေးသည့်အသား ပေါ်လွင်သည်အထိ မိမိလက်တော်နှစ်ဖက်ကို (နံဘေးမှ) ခွာထားတော်မူသည်။
عربي အင်္ဂလိပ် အုရ်ဒူ
17. လူတစ်ဦးသုံးစွဲလိုက်သည့် ဒီနာရ်(ငွေကြေး )တို့အနက်အမြတ်ဆုံးမှာ မိမိ မိသားစုအတွက်သုံးစွဲလိုက်သည့် ဒီနာရ်၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် မိမိ၏ အစီးအနင်းအတွက် သုံးစွဲလိုက်သည့် ဒီနာရ် နှင့်အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် မိမိ၏မိတ်ဆွေများအတွက် သုံးစွဲလိုက်သည့် ဒီနာရ်တို့ဖြစ်သည်
عربي အင်္ဂလိပ် အုရ်ဒူ
18. မုအ်မင်န်၏ အရေးကိစ္စသည် အံ့ဩစရာပင်ဖြစ်သည်။ သူ့အဖို့ သူ၏အရေးကိစ္စတိုင်းသည် အကောင်းချည်းသာဖြစ်၏။ ဤသည် မုအ်မင်န်မှအပအခြားမည်သူ့အတွက်မှ မဖြစ်နိုင်ပေ - 2 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
19. ဂျနာဗသ် ( ကိုယ်မသန့် ဖြစ်ခြင်းမှ ) ရေချိုးနည်း။
عربي အင်္ဂလိပ် အုရ်ဒူ
20. အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် နှာချေသောအခါတွင် မိမိ၏လက်ကို ( သို့မဟုတ် မိမိ၏အဝတ်ကို) ပါးစပ်ပေါ် တင်ထားမူပြီး၊ ၎င်း( လက် (သို့) အဝတ် ) ဖြင့် မိမိ၏အသံကို နှိမ့်ချတော်မူလေသည် ( သို့မဟုတ် ဖုံးဖိတော်မူလေသည် )။
عربي အင်္ဂလိပ် အုရ်ဒူ
21. အသင်တို့သည် မုချဧကန် မိမိတို့မတိုင်မီ ရှိခဲ့ကြသောသူတို့၏ လမ်းစဉ်ကို လိုက်ကြလိမ့်မည်။ တစ်ထွာချင်း တစ်ထွာချင်း၊ တစ်တောင်ချင်း တစ်တောင်ချင်း
عربي အင်္ဂလိပ် အုရ်ဒူ
22. ရောဂါကူးစက်သည်ဟု (အယူသီးယုံကြည်ခြင်း) မရှိ၊ ငှက်ဖြင့် အတိတ်နမိတ်ဆိုးကောက်ခြင်း မရှိ၊ ဇီးကွက်ဖြင့်အတိတ်နမိတ်ဆိုး ကောက်ခြင်း မရှိ၊ 'စွဖရ်' လသည် ဆိုးကျိုးရှိမည်ဟု ယူဆခြင်း မရှိ။ ထို့ပြင် အနာကြီးရောဂါသည်မှ အသင်သည် ခြင်္သေ့မှ ထွက်ပြေးသကဲ့သို့ ထွက်ပြေးပါ။
عربي အင်္ဂလိပ် အုရ်ဒူ
23. အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ သင့်အား အ‌ကြောင်းခံ၍ လူတစ်ဦးတစ်ယောက်ကို အလ္လာဟ်အရှင်မြတ်က လမ်းမှန်ချီးမြှင့်ခဲ့ခြင်းသည် သင့်အတွက် အနီရောင်ကုလားအုတ်များရသည်ထက်ပင် ပို၍မြင့်မြတ် ကောင်းမွန်လှပေသည်" ဟု မိန့်ကြားတော်မူခဲ့သည်။ - 4 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
24. “ စင်စစ် လူတို့သည် မတရားပြုကျင့်သူကို တွေ့မြင်ကြသော်လည်း သူ့ကို (မတရားမှုမှ) မတားမြစ်ကြပါက အလ္လာဟ်အရှင်မြတ်သည် သူတို့အားလုံးအပေါ် ပြစ်ဒဏ်ချမှတ်တော်မူရန် အလွန်နီးကပ်နေပြီဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
25. ငါကိုယ်တော် အသင်တို့အား အလ္လာဟ်အရှင်မြတ်က အပြစ်များကိုပယ်ဖျက်ပေးပြီး၊ အဆင့်အတန်းများကို မြှင့်တင်ပေးသောအရာကို မညွှန်ပြရဘူးလား - 6 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
26. ငါကိုယ်တော် သင်တို့အား သင်တို့၏ အကောင်းဆုံးသောအမလ်၊ သင်တို့အား စိုးပိုင် တော်မူသော အရှင်မြတ်၏ထံတော်၌ အသန့်ရှင်းဆုံးအမလ်၊ သင်တို့၏အဆင့်အတန်းများကို အမြင့်ဆုံးသို့ မြှင့်တင်ပေးနိုင်ကာ
عربي အင်္ဂလိပ် အုရ်ဒူ
27. အကယ်၍ သူသည် (ပြောခဲ့သည့်အတိုင်း ) အမှန်တကယ်လိုက်နာခဲ့လျှင် သူသည် အောင်မြင်သွားပေလိမ့်မည်" ဟု မိန့်ကြားတော်မူခဲ့သည်။
عربي အင်္ဂလိပ် အုရ်ဒူ
28. နေထွက်ရာနေ့များအနက် အမွန်မြတ်ဆုံးနေ့မှာ ဂျုမုအဟ်(သောကြာ)နေ့ဖြစ်သည်
عربي အင်္ဂလိပ် အုရ်ဒူ
29. “ (မည်သူမည်ဝါရဲ့) နှာခေါင်းမြေကြီးနှင့် လူးထိပါစေ၊ (မည်သူမည်ဝါရဲ့) နှာခေါင်း မြေကြီးနှင့် လူးထိပါစေ၊ (မည်သူမည်ဝါရဲ့) နှာခေါင်း မြေကြီးနှင့် လူးထိပါစေ။” စွဟာဗီတစ်ပါးက“အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ မည်သူ့အား (ကိုယ် တော် ဘဒ်ဒုအာပြု‌ နေပါသနည်း)” ဟု မေးမြန်းလျှောက်ထားရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က- “မိမိ၏မိဘနှစ်ပါး(သို့မဟုတ်)နှစ်ပါးအနက် တစ်ပါးပါးအား အိုမင်းရင့်ရော်စဉ် တွေ့ကြုံခဲ့ရပြီး (၎င်းတို့အား ကျေးဇူးပြုခြင်းဖြင့်) ဂျန္နတ်သို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့သူဖြစ်သည်” ဟု မိန့်ကြားတော်မူခဲ့သည်။ - 2 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
30. 'မုဖရ်ရီဒူးန်' များသည် (အခြားသူများထက်) သာလွန်သွားကြပြီ" ဟု မိန့်ကြားတော်မူသည် - 2 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
31. “အသင်သည် အလ္လာဟ်အရှင်မြတ်အား စဂ်ျဒဟ်ဦးချမှုများစွာပြုလုပ်ပါလေ။အကြောင်းမှာ အသင်သည် အလ္လာဟ်အရှင်မြတ်အား စဂ်ျဒဟ်တစ်ကြိမ်ဦးချလျှင် အလ္လာဟ်အရှင်မြတ်က ထိုစဂ်ျဒဟ်တစ်ကြိမ်ဦးချမှုကြောင့် အသင့်အား အဆင့်အ တန်းတစ်ခု မြှင့်တင်ပေးတော်မူပြီး အသင့်ထံမှ ပြစ်မှုတစ်ခုကို ဖယ်ရှား(ခွင့်လွှတ်) ပေးတော်မူမည် ဖြစ်သောကြောင့်တည်း
عربي အင်္ဂလိပ် အုရ်ဒူ
32. အကြင်မည်သူမဆို အေးမြသော ဆွလာသ်နှစ်ကြိမ် ( ဖဂျရ်နှင့်အစွရ်)ကို ဝတ်ပြုပါက ဂျန္နသ်သို့ ဝင်ရောက်ရမည်ဖြစ်သည်။ - 2 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
33. မွတ်စ်လင်မ်တစ်ဦးသည် ကဗရ်အတွင်း၌ မေးမြန်းခြင်းခံရသည့်အခါ ၎င်းသည် အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်တယ့်သူမရှိ ကြောင်းနှင့် မုဟမ္မဒ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံပေလိမ့်မည်
عربي အင်္ဂလိပ် အုရ်ဒူ
34. စင်စစ် အလ္လာဟ်အရှင်မြတ်သည် ငါတမန်တော်၏ အွမ္မသ်ကို ( မရည်ရွယ်ပဲမှားသော ) အမှား၊ မေ့လျော့မှုနှင့် အတင်းအကျပ် ဖိအားပေး စေခိုင်းခြင်းခံခဲ့ရသည့် အရာများမှခွင့်လွှတ်ချမ်းသာ ပေးတာ်မူခဲ့လေ၏။
عربي အင်္ဂလိပ် အုရ်ဒူ
35. အသင် မည်သည့်အရပ်ဒေသ၌ ရှိသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်အား ကြောက်ပါ။ မကောင်းမှုကျူးလွန်မိပါက တစ်ဆက်တည်း (ထိုအပြစ်ကို)ပယ်ဖျက်ပေးမည့် ကောင်းမှုကုသိုလ်ကို ပြုလုပ်ပါ။ လူတို့အား ကောင်းမွန်သောကိုယ်ကျင့်တရားဖြင့် ပြုမူဆက်ဆံပါ။
عربي အင်္ဂလိပ် အုရ်ဒူ
36. ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် နေ့တွင် အပြစ်ကျူးလွန်ခဲ့သောသူသည် နောင်တတရားဖြင့် အရှင့်ဆီသို့ ပြန်လာနိုင်ရန် ( သောင်ဗဟ်လုပ်နိုင်ရန် )အတွက် ညတွင် မိမိ၏လက်တော်ကိုဖြန့်ထားတော်မူသည်။ ထိုနည်းတူ ညတွင် အပြစ်ကျူးလွန်ခဲ့သောသူသည် နောင်တတရားဖြင့် အရှင့်ဆီသို့ ပြန်လာနိုင်ရန် ( သောင်ဗဟ်လုပ်နိုင်ရန် )အတွက် နေ့တွင်မိမိ၏လက်တော်ကိုဖြန့်ထားတော်မူသည်။ ( အရှင်မြတ်သည် ဤသို့ သောင်ဗဟ်အမှားဝန်ခံမှုကို လက်ခံခြင်းမှာ ) နေသည် အနောက်အရပ်မှ ထွက်ပေါ်လာသည့် အချိန်ထိတိုင်အောင်ဖြစ်သည်။ - 2 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
37. မုစ်လင်မ်တစ်ဦးအား အချက်သုံးချက်အနက် တစ်ချက်ချ က်မရှိဘဲ သတ်ခွင့်မရှိပေ
عربي အင်္ဂလိပ် အုရ်ဒူ
38. မိမိအတွက်နှစ်သက်သည့်အရာကို မိမိညီနောင်မွတ်စ်လင်မ်အတွက် မနှစ်သက်သမျှကာလပတ်လုံး အသင်တို့အနက်မည်သူတစ်ဦးတစ်ယောက်မျှ စစ်မှန်သည့် မုအ်မင်န်မဖြစ်နိုင်ပေ။ - 4 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
39. “မည်သူမဆို ဂျုမုအဟ်နေ့၌ ကိုယ်မသန့်ဖြစ်သည့်အခါရေချိုးသည့်အတိုင်း ရေချိုးပြီး ဆွလာသ်ဆောက်တည်ရန် ထွက်သွားပါက သူသည် ကုလားအုတ်တစ်ကောင်လှူသည့် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
40. အကြင်သူသည် အစားအသောက်စားပြီးနောက် ဤဒုအာကို ရွတ်ဆိုမည်။ الحَمْدُ لِلَّهِ الَّذِي أَطْعَمَنِي هَذَا وَرَزَقَنِيهِ مِنْ غَيْرِ حَوْلٍ مِنِّي وَلاَ قُوَّةٍ အဓိပ္ပာယ်။ ။ကျွန်တော်မျိုး၏အစွမ်းအစမပါရှိဘဲ ဤအစားအသောက်အား ကျွန်တော်မျိုးအား ကျွေးမွေး‌တော်မူခဲ့သည့် အလ္လာဟ်အရှင်မြတ်အား ကျွန်တော်မျိုးချီးမွမ်းထောမနာပြုအပ်ပါသည်။ ဤတောင်းဆုကို ရွတ်ဆိုသူသည် ယခင်က ကျူးလွန်ခဲ့သော အကုသိုလ်များအားလုံး ခွင့်လွတ်ခြင်းခံရပေမည်။
عربي အင်္ဂလိပ် အုရ်ဒူ
41. အကြင်သူသည် ဝုဿူကို ကောင်းမွန်စွာပြုလုပ်၍ဂျုမုအဟ်ဆွလာသ်ဝတ်ပြုရန်လာပြီး ခွသ်ဗဟ်ကိုဂရုစိုက်၍ငြိမ်သက်စွာနားထောင်ပါက သူနှင့် ရှေ့လာမည့်(ဆယ်ရက် ဆိုလိုသည်မှာ ဤဂျုမုအဟ်နှင့် နောက်လာမည့်) ဂျုမုအဟ်အပြင် အပိုသုံးရက်(စုစုပေါင်းဆယ်ရက်)အတွင်းရှိအကုသိုလ်များခွင့်လွှတ်ပေးခြင်းခံရ‌မည်။
عربي အင်္ဂလိပ် အုရ်ဒူ
42. အို - အာဒမ်၏သားမြေး အသင်သည် ငါအရှင့်ထံတော်တွင် ဆုတောင်းနေသမျှကာလပတ်လုံး၊ ငါအရှင့်ထံမျှော်လင့်တောင်းတနေသမျှကာလပတ်လုံး ငါအရှင်သည် အသင့်ထံတွင်ရှိသော (မည်သည့်ပြစ်မှုကိုမျှ) ဂရုမစိုက်ဘဲ ပြစ်မှုအားလုံးကို ခွင့်လွှတ်တော်မူမည်။ - 2 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
43. အို လူသားအပေါင်းတို့ စလာမ်များများပေးကြပါ။ အစားအသောက်များ ကျွေးမွေးကြပါ။ ဆွေမျိုးအဆက်သွယ်ထားကြပါ။ လူများအိပ်နေစဥ် ည၌ဆွလာသ်ဝတ်ပြုကြပါ။ အသင်တို့သည် ဂျန္နသ်သို့ ငြိမ်းချမ်းစွာဝင်ကြရမည်။
عربي အင်္ဂလိပ် အုရ်ဒူ
44. စင်စစ်သာသနာသည် လွယ်ကူပေသည်။ တစ်ဦးတစ်ယောက်သည် သာသနာအား(လုပ်နိုင်သည်ထက်ပို၍လုပ်ပြီး) ခက်ခဲအောင်ပြုလုပ်ပါက သာသာနာသည် သူ့ကိုလွှမ်းမိုးသွားပေမည်။ (ဆက်လုပ်နိုင်တော့မည်မဟုတ်ပေ။) ထို့ကြောင့် အသင်တို့သည် (ကျင့်ဆောင်ရာ၌လွန်ကျူးမှုနှင့်ပေါ့လျော့မှုမရှိဘဲ) အလယ်အလက်ကို ကျင့်ဆောင်ကြပါ။ အသင်တို့သည် (ခဝပ်မှု၌အပြည်ဝဆုံးကို ပြုကျင့်နိုင်ရန် မတတ်စွမ်းနိုင်ပါက) အနီးစပ်ဆုံးကို ကျင့်ဆောင်ကြပါ။
عربي အင်္ဂလိပ် အုရ်ဒူ
45. မည်သူမဆိုလက်ထပ်နိုင်စွမ်းရှိပါက လက်ထပ်ထိမ်းမြားလိုက်ပါ။ အဘယ်ကြောင့်ဆိုသော နိကာဟ် ထိမ်းမြားခြင်းသည် မျက်လွှာကို (ဟရာမ်တားမြစ်ထားသည့်အရာများမှ) အလွန်ပင်ထိန်းသိန်း ပေးသည်။ အရှက်အင်္ဂါကို (မကောင်းမှုမှ) အလွန်ပင်ထိန်းသိမ်းပေးသည်။ လက်ထပ်နိုင်စွမ်းမရှိသူသည် ဆောင်မ် ဥပုသ်စောင့်ပါ။ အဘယ့်ကြောင့်ဆိုသော် ဆောင်မ် ဥပုသ်စောင့်ခြင်းသည် ရာဂစိတ်ထကြွမှုကိုလျော့ကျစေသည်။
عربي အင်္ဂလိပ် အုရ်ဒူ
46. အသင်တို့နှစ်ဦးတောင်းဆိုနေသည့်အရာထက်ပိုကောင်းသောအရာကို အသင်တို့ကို မသင်ပေးရဘူးလား။ အသင်တို့နှစ်ယောက် အိပ်ရာဝင်သောအခါ စွဗ်ဟာနလ္လာဟ် ၃၃ ကြိမ်၊ အလ်ဟမ်ဒုလိလ္လာဟ် ၃၃ကြိမ်၊ အလ္လာဟုအက္ကဗရ်၃၄ကြိမ်၊ ကို ဖတ်ရွတ်ပါလေ။ ဤသည် အသင်တို့နှစ်ယောက်အတွက် အိမ်ဖော်(ရရှိခြင်း)ထက် ပိုကောင်းပေသည်။
عربي အင်္ဂလိပ် အုရ်ဒူ
47. အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူတို့တွင် အရက်ရောဆုံးသူဖြစ်သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏အရက်ရောဆုံးအခြေအနေမှာ ရမဿွာန်လ၌ကိုယ်တော့်ထံသို့ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)လာတွေ့သောအချိန်ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
48. မည်သူမဆို ကျိန်ဆိုသည့်အခါတွင် မိမိ၏ကျိန်ဆိုမှု၌လာသ်နှင့်အုဇ်ဇာ၏ကစမ်လို့ပြောခဲ့ပါက လာအိလာဟ အိလ်လ္လာဟ်ကို ရွတ်ဖတ်လိုက်ပါ။ ၎င်းနောက် မည်သူမဆို မိမိအဖော်ကို လာပါ၊ လောင်းတမ်းကစားရအောင်ဟု ပြောခဲ့လျှင် ဆွဒ်ကဟ် အလှူဒါနပြုလိုက်ပါလေ။
عربي အင်္ဂလိပ် အုရ်ဒူ
49. မုဖ်လိစ် ( ငွေကြေးဥစ္စာပစ္စည်း ဒေဝါလီခံသွားသူ) ဟူသည် မည်သူနည်းဟု သင်တို့သိကြသလော - 2 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
50. အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက်မှအယောက်တိုင်းနှင့် စကားပြောတော်မူမည်ဖြစ်ရာ အရှင်မြတ်နှင့် ထိုသူ၏ကြားတွင် ဘာသာပြန်မည့်သူမပါရှိပေ။
عربي အင်္ဂလိပ် အုရ်ဒူ
51. မည်သူမဆို ငါကိုယ်တော်မြတ်ထံမှဟဒီးဆ်တော်တစ်ပုဒ်ကို ဆင့်ပြန်ခဲ့ရာ ယင်းဟဒီးဆ်သည် ငါကိုယ်တော်၏ဟဒီးဆ်မဟုတ်ဟု ထင်ရသော ဟဒီးဆ်ဖြစ်နေပါက ထိုဆင့်ပြန်သူသည် ဟဒီးဆ်ကို တီထွင်ပြောကြားသူ သို့မဟုတ်ဆင့်ပြန်သူစသည့် မုသားပြောသူနှစ်ဦးအနက်မှတစ်ဦးဖြစ်သည်။ - 4 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
52. ဗလီသို့ဝင်သောအခါ ရွတ်ဆိုသည်မှာ ”أَعُوذُ بِاللَّهِ الْعَظِيمِ، وَبِوَجْهِهِ الْكَرِيمِ، وَسُلْطَانِهِ الْقَدِيمِ، مِنَ الشَّيْطَانِ الرَّجِيمِ“
عربي အင်္ဂလိပ် အုရ်ဒူ
53. အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်သုခဘုံသားများအား မိန့်ကြားတော်မူမည်။ “အို− သုခဘုံသားတို့။ ထိုအခါ သူတို့က “အို- ကျွန်တော်မျိုးတိုအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို နာခံဖို့ အသင့်ရှိနေကြပါသည်”ဟု လျှောက်ထားဖြေကြားကြလိမ့်မည်။ ထိုအခါ အရှင်မြတ်က မိန့်ကြားတော်မူမည်။ “အသင်တို့ ကျေနပ်သွားပြီလော။” သူတို့က ဖြေကြမည်မှာ - “ကျွန်တော်မျိုးတို့အဘယ့်ကြောင့်မကျေနပ်ရမည်နည်း။ အရှင်မြတ်သည် မည်သူ့ကိုမျှချီးမြှင့်မထားသော ဆုလာဘ်များအား ကျွန်တော်မျိုးအား ချီးမြှင့်ခဲ့ပြီးဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
54. နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် တစ်“စွာအ်”မှစတင်ပြီး ငါး“မွဒ်”ခန့်ရှိသောရေပမာဏနှင့် ရေချိုးတော်မူလေ့ရှိသည်။ တစ်“မွဒ်”ခန့်ရှိသော ရေပမာဏနှင့်ဝုဿူပြုတော်မူလေ့ရှိသည်။
عربي အင်္ဂလိပ် အုရ်ဒူ
55. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မည်သည့် မုစ်လင်မ်မဆို ဝူဿွူကို ကောင်းမွန်ကျနစွာ ပြုလုပ်မည်။ ထို့နောက် ရပ်ပြီး မိမိ၏ စိတ်နှလုံး သားကော မျက်နာဖြင့်ပါ (စိတ်ရောကိုယ်ပါ) အာရုံစူးစိုက်လျက် ဆွလာသ်နှစ်ရကအသ်ကို ဝတ်ပြုလျှင် ထိုသူ့အတွက် ဂျန္နသ်သုခဘုံသည် ဝါဂျိဗ်ဖြစ်သွား (ထိုက်တန်သွား)ပြီဟု မိန့်တော်မူခဲ့လေသည် - 2 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
56. ခွေးနှင့်ရုပ်ပုံရှိသောအိမ်တွင် မလာအိကဟ်ကောင်းကင်တမန်များ မဝင်ရောက်ပေ။
عربي အင်္ဂလိပ် အုရ်ဒူ
57. သင်တို့သည် ရုပ်တုများဖြင့် ကျိန်ဆိုခြင်း မပြုကြနှင့်။ သင်တို့၏ဘိုးဘေးဘီဘင်များဖြင့်လည်း ကျိန်ဆိုခြင်း မပြုကြနှင့်။
عربي အင်္ဂလိပ် အုရ်ဒူ
58. အသင်တို့ ငါကိုယ်တော်ရဲ့စွဟာဗဟ်သာဝကများအား မကောင်းမပြောကြလေနှင့်။ အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် အုဟုဒ်တောင်နှင့်ညီမျှသည့် ရွှေများကို လှူဒါန်းသုံးစွဲရင်တောင် သူတို့ထဲက တစ်ဦးတစ်ယောက် လှူဒါန်းသုံးစွဲသည့် တစ်မွဒ် ( နို့ဆီဗူးနှစ်ဗူးခွဲ) ကို မမီရုံမက ထိုတစ်မွဒ်ရဲ့ တစ်ဝက်ကိုပင် မီမည်မဟုတ်ပေ။
عربي အင်္ဂလိပ် အုရ်ဒူ
59. အမျိုးသားများအတွက် အကောင်းဆုံး စွတ်ဖ်အတန်းသည် ပထမဆုံးတန်းဖြစ်၍ အဆိုးဆုံးစွတ်ဖ်အတန်းသည် နောက်ဆုံးတန်း ဖြစ်သည်။ အမျိုးသမီးများအတွက် အကောင်းဆုံးစွတ်ဖ်အတန်းသည် နောက်ဆုံးတန်းဖြစ်၍ အဆိုးဆုံးစွတ်ဖ်အတန်းသည် ပထမဆုံးတန်း ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
60. -စင်စစ် “ဆွလာသ်များအနက် ဤဆွလာသ်နှစ်ခု (ဖဂျရ်နှင့် အီရှာ) သည် မုနာဖိက်များအပေါ်တွင် အလေးလံဆုံးဖြစ်သည်။ အကယ်၍ သင်တို့သည် ထိုဆွလာသ်နှစ်ခု၏ အကျိုးကျေးဇူးကို သိရှိခဲ့လျှင်၊ သင်တို့သည် တရွတ်တိုက်စွဲလျက်ပင်ဖြစ်စေ ရောက်ရှိလာကြလိမ့်မည် - 2 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
61. စင်စစ် အလ္လာဟ်အရှင်မြတ်သည် ငါကိုယ်တော် ၏အွမ္မသ်သားများအား ၎င်းတို့၏ စိတ်နှလုံးထဲ ပေါ်ပေါက်လာသော အတွေးများကို လက်တွေ့မပြုလုပ်မ‌ပြောမဆိုသ‌ရွေ့ အရေးယူတော်မူမည်မဟုတ်ပေ။”
عربي အင်္ဂလိပ် အုရ်ဒူ
62. ရမဿွာန်လ ရောက်သည့်အခါ သင်မအွမ္မရဟ် ပြုလုပ်ပါ။ ဧကန်အမှန်ပင် ထိုလ၌ အွမ္မရဟ်ပြုလုပ်ခြင်းသည် ဟဂ်ျပြုလုပ်ခြင်းနှင့် ညီမျှသည်။ - 2 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
63. အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဂျီဟာဒ်သည် အမွန်မြတ်ဆုံး အမလ်ကောင်းမှုဖြစ်သည်ဟု ကျွန်မတို့ သိထားပါသည်။ ထို့ကြောင့် ကျွန်မတို့ ဂျီဟာဒ်မလုပ်ရဘူးလားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ မလုပ်ရပါ၊ သို့သော် (အသင်မတို့အတွက်) အမွန်မြတ်ဆုံး ဂျိဟာဒ်မှာ အလ္လာဟ်အရှင်မြတ် လက်ခံသဘောတူသည့် ဟဂ်ျပင်ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
64. ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ရှိနေခဲ့ပြီး ကိုယ်တော်သည် မျိုးနွယ်စုတစ်ခု၏ အမှိုက်စွန့်ပစ်သည့်နေရာသို့ ရောက်လာခဲ့သည်။ ကိုယ်တော်သည် ရပ်လျက်အပေါ့သွားတော်မူသည်။
عربي အင်္ဂလိပ် အုရ်ဒူ